နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန်မှ ရန်ကုန်မြို့ပေါ် လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅


        ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီတို့သည် လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့မှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၈ နာရီတွင် ဒဂုံမြို့နယ် ဦးဝိစာရလမ်း၊ ရွှေတိဂုံဘုရား အနောက်ဖက်မုခ်ဦးအနီးတွင် ပြုလုပ်ထားသည့် Taxi Stand အားသွားရောက်ကြည့်ရှု၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားများ သက်သောင့်သက်သာ စောင့်ဆိုင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ရန်ကုန်မြို့သည် ယာဉ်သွားလာမှုကြပ်တည်းသည့် အလျောက် ယာဉ်သွားလာမှု အနှောင့်အယှက်မဖြစ်စေရေးနှင့် Taxi အငှားယာဉ်များ စနစ်တကျ ရပ်တန့်နိုင်ရေးအတွက် Taxi Stand များထားရှိခြင်းဖြစ်ရာ ရန်ကုန်မြို့အနှံ့အပြား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

        ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့အား ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းကူး သာကေတာတံတားဟောင်းသို့သွားရောက်ကာ စက်ဘီး လမ်းနှင့် လူသွားလမ်းပါသည့် Linear Park တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး၊ အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများအား စံချိန် စံညွှန်းနှင့်အညီဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ Linear Park တွင် အလျား ၁၇၈၁ ပေ၊ အကျယ် ၁၂ ပေရှိ ကွန်ကရိစက်ဘီးလမ်း၊ စက်ဘီးလမ်း၏ တစ်ဖက်တစ်ချက်စီတွင်  အကျယ် ၃ ပေရှိ ပန်းခုံနှင့် အကျယ် ၉ ပေရှိ Granite ကျောက်ပြားခင်း လူသွားလမ်း၊ တံတားအတက် အဆင်းတွင် ကြွေပြားခင်းလှေကားနှင့် အုတ်ခုံတန်းများပါဝင်မည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာလုပ်ငန်း များအား လမ်းတံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြေယာရှုခင်း ပြုပြင်ခြင်းအတွက် ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ကွမ်းအပ်မင်းသားလမ်းနှင့် မင်းရဲကောင်းပုံလမ်းကြား ကွန်ကရိလမ်း တိုးချဲ့ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးရေး၊ စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။ ယခု ကွန်ကရိလမ်းသားတိုးချဲ့မှုမှာ မူလ အရှည် ၄၇၄ ပေ၊ အကျယ် ၂၅ ပေ လမ်းပိုင်းအား  အကျယ် ၂၅ ပေ ထပ်မံတိုးချဲ့ခြင်းဖြစ်ပြီး၊ ဧရာဝဏ် လမ်းသည် သန်လျင်အမှတ် (၂) တံတား၊ ပဲခူးမြစ်လမ်း၊ မောင်းမကန် ကမ်းသာလမ်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်၊ အမှတ် (၂) လမ်းမကြီးများသို့ ဆက်သွယ်ထားသော ကုန်စည်ပို့ဆောင်ရေး အချက်အခြာကျသည့်လမ်းဖြစ်ပြီး ယခုတိုးချဲ့သည့် လမ်းပိုင်းမှာ မူလလမ်းကျယ်မှ ကျဉ်းသွားသော Bottle Neck နေရာဖြစ်ခြင်းကြောင့် တိုးချဲ့ရခြင်း ဖြစ်ကြောင်း၊ လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့အနေဖြင့်     ရန်ကုန်မြို့ပေါ် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး အတွက် Bottle Neck နေရာများအား ပြုပြင်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီခွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     တာဝန်ယူချိန်မှစ၍ ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် တို့ကို ပြည်သူအားလုံး သိရှိမှတ်သားထားရမည်ဖြစ်၍ သတင်းနားထောင်၊ သတင်းစာဖတ်ကြရန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာန ဖြစ်သဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ထမ်းများ အနေဖြင့် မိမိအလုပ် မိမိလုပ်ကြရန်တို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။



မြို့တော်သတင်း






အခြားဆက်စပ်သတင်းများ