နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မယ်စဲ့မြို့နယ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပညာရေးဌာနတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်

မယ်စဲ့ ဖေဖော်ဝါရီ ၂၅


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပညာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေများဖြင့် မြို့နယ်ပညာရေးမှူးရုံး သိုလှောင်ရုံတည်ဆောက် ခြင်းလုပ်ငန်း၊ မူလွန်(ဟိုဂျစ်)နှင့် အ.မ.က(သာယာ) ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

မယ်စဲ့မြို့နယ် ပညာရေးမှူးရုံး သိုလှောင်ရုံအဆောက်အဦး အကျယ်အဝန်း(၆၀x၃၀) ပေ RC တစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်းကို ရန်ပုံငွေကျပ် ၄၁ ဒသမ ၈၉၁ သန်းဖြင့် လင်းလက်ရွှေစင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိရာ လုပ်ငန်း ၂၅ ရာခိုင်နှုန်းခန့် လည်းကောင်း၊ မူလွန်(ဟိုဂျစ်) ဝန်ထမ်းအိမ်ရာအကျယ်အဝန်း (၉၀x၃၀) ပေ RC တစ်ထပ်ကိုရန်ပုံငွေကျပ် ၆၂ ဒသမ ၈၃၅၇၅၀ သန်းဖြင့် Haptic ကုမ္ပဏီကလည်းကောင်း၊ အ.မ.က(သာယာ) ဝန်ထမ်းအိမ်ရာအဆောက်အဦး အကျယ်အဝန်း (၉၀x၃၀) ပေ RC တစ်ထပ်ကိုရန်ပုံငွေကျပ် ၆၂ ဒသမ ၈၃၅၇၅၀ သန်းဖြင့် ကန္တရဝတီလမ်းဆုံ ကုမ္ပဏီကလည်းကောင်း တာဝန်ယူတည်ဆောက်လျက်ရှိရာ လုပ်ငန်းများအရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေးအတွက် ဌာနမှတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ဝတ်ရည်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ