နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မယ်စဲ့မြို့နယ်၌ အငြိမ်းစား(ပင်စင်စား) များအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

မယ်စဲ့ ဖေဖော်ဝါရီ ၂၅


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်အတွင်းရှိအငြိမ်းစား (ပင်စင်စား) များအား ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ လကုန်အထိ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင်မြို့ပြပင်စင်၊ ကာကွယ်ရေးပင်စင်၊ နိုင်ငံရေးပင်စင် စသည့် ပင်စင်သုံးမျိုးခံစားနေသူ အငြိမ်းစားဝန်ထမ်း (ပင်စင်စား) စုစုပေါင်း ၄၆ ဦးရှိရာ မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ရက်များအတွင်း အေးချမ်းတည်ငြိမ်စွာစနစ်တကျ ထုတ်ပေးလျက်ရှိသည်။

"မယ်စဲ့မြို့နယ်မှာက လူဦးရေနည်းတဲ့အတွက် ပင်စင်စားတွေအနေနဲ့ သတ်မှတ်ရက်တွေမှာတစ်ရက်ကို သုံးဦး၊လေးဦးခန့်၊ အချို့ရက်တွေမှာအများဆုံးခြောက်ဦးခန့်သာလာရောက်ထုတ်ယူကြပါတယ်။ သက်ကြီး ရွယ်အိုတွေစောင့်ဆိုင်းရတာမျိူးမဖြစ်စေဘဲ အလှည့်ကျနဲ့အဆင်ပြေချောမွေ့စွာထုတ်ပေးနေပါတယ်" ဟု မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာဦးဖိလစ်မိုင်ကေးက ပြောသည်။

ဝတ်ရည်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ