နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းများနှင့်အညီ ရတနာပုံတိရစ္ဆာန်ဥယျာဉ် ပြန်လည်ဖွင့်လှစ်

မန္တလေး ဖေဖော်ဝါရီ ၂၅


ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ပိတ်ထားခဲ့ရသော မန္တလေးအောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို နေ့စဉ်နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ အထိဖွင့်လှစ်ပြီး မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိ Public Area ကို ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ်အဝင်တွင်လက်ဆေးပြီး နှာခေါင်းစည်းမျက်နှာအကာများ ဝတ်ဆင်ထားသူများသာ ဝင်ရောက်လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို ၁၉၈၉ ခုနှစ် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ပြီး အများပြည်သူများ တိရစ္ဆာန်များ၏ နေထိုင်ကျက်စားမှုများ လေ့လာနိုင်ရန် တွားသွားသတ္တဝါ၊ နို့တိုက်သတ္တဝါ၊ ငှက်မျိုးစိတ် ၁၀၀ ကျော် အကောင်ရေ ၁၀၉၂ ကောင်နှင့် သစ်ပင်မျိုးစိတ် ၃၇၇ နှင့် အရိပ်ရပင်၊ ပန်းအလှပင် ၂၈၉၉၉ ပင်အားစိုက်ပျိုးပြသထားကြောင်းသိရသည်။


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ