နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေပွခြင်းကိုဖြစ်စေသော အကြောင်းများ

ဖေဖော်ဝါရီ ၂၅


ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကို စားနေပါလျက်၊ အိပ်စက်ချိန် စားသောက်ချိန်တွေလည်း မှန်ကန်ပါလျက်နှင့် တစ်ခါတလေ ထမင်းစားပြီးနောက်အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ လေပွ ခြင်းတို့ကို ခံစားရတတ်သည်။ အဘယ်ကြောင့်ပါနည်း။ အောက်ဖော်ပြပါ အကြောင်းရင်း (၃) မျိုးက ထိုဝေဒနာတွေကို ဖြစ်ပေါ်စေနိုင်ပါသည်။ (၁) ကစီဓာတ်နှင့် ပရိုတင်းတွေကို တပြိုင်နက်တည်း အများ ကြီးစားမိခြင်းကြောင့် ရောဂါဖြစ်စေနိုင်သည်။ ကစီဓာတ်ကြွယ်ဝသော ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဆန်၊ အာလူး တွေက ကျန်းမာရေးနှင့်ညီညွတ်စေသလို၊ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ကြသည့် ငါး၊ ကြက်သား၊ အမဲသား၊ ကြက်ဥ၊ ဘဲဥ တို့ကလည်း ကျန်းမာရေးအတွက် မရှိမဖြစ်အရာများဖြစ်သည်။ သို့သော် ပါးစပ်ထဲမှ စားသွင်းမြိုချလိုက်သည့် အစားအစာများက အစာအိမ်ထဲသို့ရောက်သွားသောအခါ၊ ကစီဓာတ်တွေက သကြားဓာတ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချိန်ထိ အစာအိမ်ထဲမှာကောင်းစွာ ကျော်ဖြတ်နိုင်သော်လဲ ဆက်လက်၍ ၄င်းကစီဓာတ်တွေက ပရိုတင်းဓာတ်နှင့်အတူ ရောနှော၍ အူသိမ်၊ အူမတွေထဲကို ရောက်ရှိလာချိန်၌ အူသိမ်၊ အူမတွေက ၄င်းအရောအနှောဓာတ်နှစ်မျိုးကို အချိန်တော်တော် ကြာသည့်တိုင်အောင်ခြေဖျက်ပေး နိုင်စွမ်းမရှိပေ။ ထိုအခါ ကစီဓာတ်တွေက အချဉ်ဖောက်သွားပြီး ဂက်စ်အဖြစ် အထက်သို့ ပြန်လည်ဆန် တက်လာကာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေပွခြင်းတို့ကို ဖြစ်စေပါသည်။ ထို့ကြောင့် ထိုဝေဒနာတွေ မခံစားရအောင် အစားအစာကို ကြေညက်အောင်ဝါးစားပါ။ အလောတကြီး မစားပါနှင့်။  ဖြည်းဖြည်းနှင့် မှန်မှန်မြိုချပါ။ တနင့်တပိုးကြီး အလွန်အကျွံမစားပါနှင့်။ အကြိမ်ရေခွဲ၍ ဗိုက်ပြည့်ရုံလောက်သာ စားပါ။ (၂) ရေခဲရေသောက်၍ ထမင်းစားခြင်းကလည်း အလားတူရောဂါကို ခံစားရစေပါသည်။ ထမင်းစားသည့်အခါ ရေခဲရေ မသောက်ဘဲ၊ ရိုးရိုးရေ ကိုသာသောက်ပါ။ အဘယ်ကြောင့်ဆိုသော် ရေခဲရေက သွေးကြောတွေ ကို တင်းကြပ်ဖျစ်ညှစ်လိုက်သဖြင့်၊ အစာခြေဖျက်နိုင်စွမ်းအားကို အဟန့်အတားဖြစ်စေသည်။ ထို့ပြင် အစားအစာထဲမှာပါရှိသော အာဟာရဓာတ်တွေကိုလည်း ခန္ဓာကိုယ်က ကောင်းစွာမစုပ်ယူနိုင်တော့ပေ။ ထိုမျှမကအစားအစာထဲရှိဆီ(အဆီ)တွေကို ရေခဲရေက ပျစ်ခဲခဲဖြစ်စေနိုင်ပြီး၊ အစာခြေဖျက်နိုင်ဖို့အတွက် အစာအိမ်နှင့် အူတွေက လွန်စွာပင်ပန်းလာသည်။ ဂျပန်လူမျိုးများသည် ထမင်းမစားခင်မှာ ရေနွေးဖြူ (သို့မဟုတ်) ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း)ကို ဦးစွာ တစ်ငုံသောက်လေ့ရှိသည်။ လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ဂျပန်လူမျိုးသည် ထမင်းစားပြီးနောက် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေပွခြင်း ဝေဒနာတို့ကို ခံစားရလေ့မရှိကြောင်း သိရသည်။ ထိုနည်းလမ်းကို လူသားအားလုံး အတူယူသင့် ပေသည်။ (၃) ထမင်းစားနေစဉ် ရေများများ သောက်ခြင်းကလည်း အထက်ဖော်ပြပါ ရောဂါဝေဒနာများကို ခံစားရစေပါသည်။ သောက်ရေသန့်သည် လူသားများအတွက် မရှိမဖြစ်အရာပါ။ ထို့ပြင် ထမင်းစားနေစဉ် ထမင်းလုပ်မနင်စေရန်နှင့် ကျို့မထိုးစေရန်တို့အတွက် သောက်ရေက များစွာအထောက်အကူပေးပါသည်။ သို့သော် ထမင်းစားနေစဉ်မှာ ရေများများမသောက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဗိုက်ထဲသို့အစာတွေ ရောက်သွားချိန်၌ အစာအိမ်ထဲမှ ဟိုက်ဒြိုကလိုရစ်အက်ဆစ် Hydrochloric Acid(HCL) က သူ့အလိုအလျောက် စိမ့်ထွက်လာပြီး အစားအစာတွေကို အစိပ်စိပ်အမွှာမွှာ ဖြစ်အောင်  ခြေဖျက်ပေးလေ့ရှိသည်။ အကယ်၍ ထမင်း စားနေစဉ်ရေများများ သောက်ချမိပါက၊ HCL အက်ဆစ် တွေက ရေထဲမှာ ပျော်၀င်သွားပြီး အစာခြေဖျက်နိုင်အား ယုတ်လျော့သွားပါသည်။ ထို့ကြောင့် ထမင်းမစားခင် တစ်နာရီခန့်အလို (သို့မဟုတ်) ထမင်းစားပြီးနောက် တစ်နာရီခန့်အကြာမှသာ သောက်ရေများများသောက်ပါ။ ထမင်းစားနေစဉ် ရေတစ်ဖန်ခွက် ပမာဏကိုသာ တကျိုက်ချင်း သောက်ပေးပါ။


ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ