နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချောင်းဦးမြို့နယ် မြန့်မာစီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ချောင်းဦး  ဖေဖော်ဝါရီ ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများကို ပင်စင်လစာများ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ပင်စင်စားမိဘပြည်သူများကို သတ်မှတ် ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာ ဦးအောင်မင်းက ''အငြိမ်းစားပင်စင်လစာကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ မြို့နယ်အတွင်းရှိ ပင်စင်စားမိဘပြည်သူများအား ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့အထိ ၆၀၀ ဦးခန့်ထုတ်ပေး ပြီးဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်အနေဖြင့် ပင်စင်စားအငြိမ်းစားဝန်ထမ်း ၁၁၁၅ ဦးရှိသော်လည်း လစဉ် လာရောက် ထုတ်ယူသူမှာ ၇၅၀ ဦးခန့်ရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင်လည်း မြို့ပေါ်ရပ်ကွက်များရှိ ပင်စင် စားမိဘပြည်သူများကို ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း" ပြောသည်။

ချောင်းဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဘဏ်အတွင်းသို့မဝင်မီ စနစ်တကျလက်ဆေး စေခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ တွင် နေထိုင်စေရေးအတွက် စနစ်တကျမျဉ်းများ သတ်မှတ်ကာ ထိုင်ခုံများချထားပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ဝင်းမြင့်အောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ