နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့စီးပွားရေးဘဏ်များ၌ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာများ စနစ်တကျထုတ်ပေး

ရန်ကုန်  ဖေဖော်ဝါရီ   ၂၅


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်းများအတွက် ဖေဖော်ဝါရီလပင်စင်လစာများ ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးဆောင်ရွက်နေကြောင်း သိရှိရသည်။

အငြိမ်းစားဝန်ထမ်းလစာများကို ဖေဖော်ဝါရီ ၂၂ ရက်က ပင်စင်လစာများထုတ်ပေးလျက်ရှိရာ ယခုလ တွင်လည်း ပင်စင်လစာများကိုလာရောက်ထုတ်ယူသူများစွာရှိနေသည်ကို တွေ့ရှိရသည်။ အဆိုပါ အငြိမ်းစား ပင်စင်လစာများကို တစ်နေ့တည်းပင်စာလစာငွေများအား စုပြုံထုတ်ပေးခြင်းမဟုတ်ဘဲ၊ အငြိမ်းစားဝန်ထမ်းများ အဆင်ပြေစေရေးအတွက် အစိုးရဘဏ်ဖွင့်သည် နေ့ရက်များတွင်လည်းလာရောက် ထုတ်ယူနိုင်ကြောင်း သိရ သည်။

ထိုသို့ပင်စင်လစာများ လာရောက်ထုတ်ယူသူများအနေဖြင့် ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင် စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ သက်ရွယ်ကြီးသူများကို ကူညီဆောင်ရွက်ပေးခြင်းနှင့် ပင်စင်လစာများ ထုတ်ယူရာတွင်လည်း စနစ်တကျ ဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။


ကျော်ဆန်းမြင့် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ