နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်တွင်ပဲသီးစိုက်ပျိူးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ရေနံချောင်း ဖေဖော်ဝါရီ ၂၅


မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်ရှိကိုင်းမြေများ၌စိုက်ပျိူးသောပဲပင်များယခုတစ်ပတ်တွင် ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ လက်ရှိခူးဆွတ်ရောင်းချနေရပြီဖြစ်ကာ စိုက်ပျိူးသူများ ဝင်ငွေရရှိနေကြကြောင်း ဒေသခံတောင်သူများထံကသိရသည်။

''ရေနံချောင်းမြို့နယ်ရှိဧရာဝတီမြစ်ရေဝင်ရောက်သောကိုင်းမြေများ၌ဆောင်းသီးနှံအဖြစ်တိုင်ထောင်ပဲပင် (ခေါ်)ပဲသီးပင်ကိုစိုက်ပျိူးကြတယ်။ကိုင်းမြေမှာတော့ရေသွင်းပြီးဟင်းသီးဟင်းရွက်စိုက်တယ်၊ ပန်းစိုက်တယ်၊ ပဲမာတွေစိုက်တယ်၊ပဲသီးပင်လည်းစိုက်ပျိူးပြီးရေနံချောင်းမြို့မဈေး၊ပျံကျဈေးကိုလက်လီရောင်းကြတယ်၊ ဒိုင်ကိုလည်းရောင်းကြတယ်၊ ပဲသီးကတော့ဝင်ငွေရတာပေါ့"ဟု ရေနံချောင်းမြို့နယ်ဖောင်းကတောကျေးရွာသစ်နေ ဒေသခံအမျိူးသားတစ်ဦးကရှင်းပြသည်။

ရေနံချောင်းမြို့မဈေးနှင့်ပျံကျဈေးများ၌ ပဲသီးတစ်ပိဿာလျှင် ဝ၀ကျပ်ကနေ ၁၀ဝ၀ ကျပ်အထိ လက်လီရောင်းရပြီးဒိုင် ရောင်းရသောလက်ကားဈေးမှာလက်လီထက်ဈေးရရှိမှုနည်းသော်လည်း ဝင်ငွေ ရကြောင်းသိရသည်။

ဆန်းညွန့်ရေနံချောင်း






အခြားဆက်စပ်သတင်းများ