နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမမောင်းမြို့ နံနက်ခင်းစျေး၌ ကုန်ခြောက်ရောင်းသူတစ်ဦး ကိုဗစ် ၁၉ ပိုးတွေ့ရှိသဖြင့်ဌာနဆိုင်ရာ များမှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကမမောင်း ၊ ဖေဖော်ဝါရီ ၂၄

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ သံလွင်ဦးမြို့မစျေး၏ နံနက်ခင်းစျေးအတွင်းကုန် ခြောက်ရောင်းနေသူတစ်ဦးသည် ဖေဖော်ဝါရီ ၂၃ ရက်က ကိုယ်လက်ကိုက်ခဲပြီး အနံ့ပျောက်သဖြင့် ဘားအံမြို့သို့ သွားရောက်၍ RTD ( Test - kit) ဖြင့်စစ်ဆေးရာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

နံနက် ၈ နာရီအချိန်တွင် သံလွင်ဦးမြို့မစျေး၊ နံနက်ခင်းစျေး၊ လူစည်ကားရာ ကားဂိတ်၊ စျေးလမ်း ဆုံနေရာများ၌ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ရဲတပ်ဖွဲ့စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်မြေမီသတ်စခန်းမှတပ်ဖွဲ့ဝင် များ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများစုပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်း  mask များအခမဲ့ပေးဝေခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
 ကိုဗစ် ၁၉ ပိုးတွေ့လူနာနှင့် ထိဆက်ခဲ့သောအဒေါ်ဖြစ်သူကို နေအိမ်အတွင်းသတ်မှတ်ထားသော နေရာတွင် ( ၁၄) ရက် အသွားအလာကန့်သတ် CBFQ ထားရှိသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ကမမောင်း ( ပြန် / ဆက်)






အခြားဆက်စပ်သတင်းများ