ရေနံချောင်း၊ ဖေဖော်ဝါရီ ၂၃
ဧရာဝတီမြစ်မြေနုကိုင်းမြေများတွင် စိုက်ပျိူးသည့်မြေပဲနှင့်နေကြာများလက်ရှိအောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း ရေနံချောင်းမြို့နယ်မှတောင်သူများထံက သိရသည်။
"ကျွန်တော်ကျေးရွာအုပ်စုမှာ ဧရာဝတီမြစ်ရေကျချိန် သီတင်းကျွတ်၊ တန်ဆောင်းမုန်းလမှာမြေပဲနှင့်နေကြာစိုက်ပါတယ်။ မြေပဲဧကနှစ်ရာဝန်းကျင်ရှိမယ်၊ နေကြာဧက ၅၀ ဝန်းကျင်ရှိမယ်။ လက်ရှိယနေ့အထိ အပွင့်ပွင့်နေပါပြီး အောင်မြင်ဖြစ်ထွန်းနေပါတယ်။ အထွက်ကတော့ မြေအနေအထားနှင့်ရာသီအနေအထားပေါ်မူတည်ပြီးတစ်ဧကတင်း ၂၀ဝ ဝန်းကျင်ထွက်လေ့ရှိတယ်။ ယခုနှစ်တော့မသိသေးဘူး။ မြေပဲကတော့ဧကနှစ်ရာ ဝန်းကျင်စိုက်ပျိူးပြီး။ မြေပဲအထွက်နှုန်းမှာ ပုံမှန်အားဖြင့်တင်း ၆၀ တင်းထွက်လေ့ရှိသော်လည်း မြစ်ရေ ဝင်ရောက်မှုနှင့် ရာသီဥတုပေါ်မူတည်၍အနိမ့်ဆုံးတင်း ၄၀ နီးပါးထွက်တယ်။ လက်ရှိမြေပဲနှင့်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေတယ်"ဟု မာန်မြေကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးဦးမျိူးမြင့်က ပြောသည်။
ဆောင်းရာသီသီးနှံအဖြစ် ဧရာဝတီမြစ်မြေနုများ၊ ကိုင်းမြေများတွင်နေကြာကို အဓိကထားပြီး စိုက်ပျိူးကြ ကြောင်းဆီ ထွက်သီးနှံဖြစ်သောမြေပဲ။ နေကြာဈေးကွက်ရှိသောကြောင့် ယခုနှစ်တွင်မြေပဲနှင့်နေကြာကို အဓိက စိုက်ပျိူးကြကြောင်း အသစ်ပေါ်ချိန်ဈေးကောင်းရရန် လိုအပ်ကြောင်း ဒေသခံတောင်သူထံက သိရသည်။
ဆန်းညွန့်ရေနံချောင်း