နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြို့ပင်ကောက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

ကြို့ပင်ကောက် ဖေဖော်ဝါရီ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ပြည်သူများအား ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းကစတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

ပင်စင်လစာငွေများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းဘဏ်အတွင်းသို့ ဝင်ရောက်ရာတွင် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည် (Hand Gel) ဖြင့်လက်ဆေးစေခြင်း နှင့် ပင်စင်လစာငွေများထုတ်ပေးရာ၌ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျဖြင့်ထုတ်ပေးနေလျက်ရှိ ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှသိရသည်။
ယင်းသို့ထုတ်ပေးရာတွင် ဖေဖေါ်ဝါရီ ၂၂ ရက်၊ နံနက် ၇ နာရီမှ ၉ နာရီအထိတစ်ကြိမ် ပင်စင်စား ၉၉ ဦး အားပင်စင်လစာငွေများ ထုတ်ပေးခဲ့ပြီးနံနက်  ၁၀ နာရီမှ ပြန်လည်စတင်ပြီးရုံးချိန်အတိုင်း ပင်စင်လစာငွေ လာရောက်ထုတ်ယူကြသော ပင်စင်စားပြည်သူများအား ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဒေါ်အမာလွင်ထံမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းလစာငွေထုတ်ယူသည့် ပင်စင်စား ပြည်သူ ၂၃၀၀ ဦးရှိကြောင်း ဖေဖော်ဝါရီ ၂၂ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့် နေ့ရက်များတွင်လည်း ပင်စင် လစာငွေများ ပုံမှန်ထုတ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ထံမှသိရသည်။                                                        

ဇေယျာထွန်း(ကြို့ပင်ကောက်)






အခြားဆက်စပ်သတင်းများ