နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျှက်ရှိ

ရန်ကုန်၊ဖေဖေါ်ဝါရီ ၂၃

ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်ခရိုင်၊ ဒလမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်နှင့်သက်ဆိုင်သည့်လုပ်ငန်းများအား ပုံမှန်ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။

  ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များဖြစ်သည့် ရုံးတွင်းဝင်ရောက်ပါက ဘဏ်ဝန်ထမ်းများမှ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရေမလိုလက်သန့်ဆေးရေဖြင့် လက်ဆေးစေခြင်း၊ mask တပ် စေခြင်း၊ မျက်နှာအုပ်ကာဗာတပ်ဆင်စေခြင်းများအပါအဝင် ဘဏ်အတွင်းတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ နေစေ၍ အလှည့်ကျ ငွေသွင်းငွေထုတ်ခြင်းလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရ သည်။

  ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား လစာထုတ်ပေးခြင်းအား ဖေဖေါ်ဝါရီ ၂၂ ရက်မှစတင်ကာ ထုတ်ပေးလျှက်ရှိကြောင်း လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားနှင့် ငွေသွင်းငွေထုတ်လာရောက်ဆောင်ရွက်ကြသူပြည်သူများ စိတ်ချမ်းသာအဆင်ပြေစေရေးအတွက် ဆောင်ရွက် ပေးလျှက်ရှိကြောင်းလည်း သိရသည်။

   ဒလမြို့နယ်တွင် နိုင်ငံရေးပင်စင်၊ကာကွယ်ရေးပင်စင်၊မြို့ပြပင်စင်ထုတ်ယူသူ ၇၀ ဦးခန့်ရှိကြောင်း လည်းသိရသည်။ ဒလမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသည် ဒလတွံတေးကားလမ်းမကြီးဘေး၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ တိုင်ရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာကုသဌာနရှေ့ ကျန်စစ်သား ရပ်ကွက်တွင် တည်ရှိပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဒလမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မဖွင့်လှစ်မီက နိုင်ငံ့ဝန်ထမ်းလစာများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား လစာများ၊ အစိုးရဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများအား ရန်ကုန်မြို့နှင့် အခြားသော မြို့နယ်များရှိ ဘဏ်များသို့ သွားရောက်ထုတ်ယူဆောင်ရွက်ရသဖြင့် အခက်အခဲများစွာရှိခဲ့ကြောင်း ယခုကဲ့သို့ ဒလမြို့နယ်တွင် မြန်မာ့စီးပွားရေး ဘဏ်ဖွင့်လှစ်ပေးခဲ့ပြီး ဘဏ်ဝန်ထမ်းများမှ ဘဏ်လုပ်ငန်းများအား ပုံမှန်ဆောင်ရွက်ပေးနေသည့်အတွက် ဒေသနေပြည်သူများများစွာအဆင်ပြေလျှက်ရှိကြောင်း သိရသည်။                                                         

မောင်ယဉ်ဦး(ဒလ)






အခြားဆက်စပ်သတင်းများ