နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပင်စင်လစာများထုတ်ပေးလျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိမြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပင်စင်လစာ လာရောက်ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများလွယ်ကူချောမွေ့စွာထုတ်ယူနိုင်စေရန် ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက်ပိုင်းမှ စတင်သက်ဆိုင်ရာဘဏ်ခွဲများ၌ ဆောင်ရွက်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများလာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။

 အဆိုပါ ပင်စင်လစာထုတ်ပေးမှုတွင် သက်ဆိုင်ရာမြို့နယ်အလိုက်မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့သို့ စုရုံး ရောက်ရှိနေကြသော အငြိမ်းစားဝန်ထမ်းများ အား တုံကင်နံပါတ်ပြားများ ပေးဝေကာ ၃ ဦး တစ်ဖွဲ့၊ ၅ ဦးတစ်ဖွဲ့၊ ၈ ဦးတစ်ဖွဲ့၊ ၁၀ ဦးတစ်ဖွဲ့စီဖြင့် စနစ်တကျဘဏ်အတွင်းသို့ ဝင်ရောက်ထုတ်ယူစေကြောင်း သိရသည်။ ထိုပင်စင်လစာထုတ်ပေးမှုတွင် စနစ်တကျ လွယ်ကူစွာထုတ်ယူနိုင်စေရန် ဘဏ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ညက TV မှာကြေငြာတယ်လေ ဖေဖော်ဝါရီ ၂၂ ရက်ကစပြီး အဒေါ်တို့ပင်စင်လစာတွေ ပုံမှန်အတိုင်းဘဏ်မှာ လာထုတ်လို့ရပြီလို့ သိရတယ်။  အဒေါ်က မနက် ၆ နာရီကထည်းက ထွက်လာတာ ဘဏ်ရှေ့မှာ လစာထုတ်မဲ့ သူတွေကတော့ အလျှိုအလျှိုရောက်လာကြတဲ့အတွက် များတော့များတယ်။  အခု သင်္ကန်းကျွန်းဘဏ်မှာက တစ်ခါဝင်ရင် ၃ ယောက်နှုန်းနဲ့ တုံကင်နံပါတ်အတိုင်း ဘဏ်ထဲကို ဝင်ထုတ်ရတယ်။ အခုလိုအချိန်ကာလမှာ အစဉ်ပြေပြေလေးနဲ့ အဒေါ်တို့ပင်စင်လစာတွေကို ထုတ်ပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကိုကျေးဇူးတင်ပါတယ်"ဟု သင်္ကန်းကျွန်းမြို့နယ် မင်းဒင်လမ်းနေ ကျောင်းအုပ်ဆရာမကြီး(အငြိမ်းစား)ဒေါ်သန်းသန်းနွဲ့က ပြောသည်။

မင်းခ






အခြားဆက်စပ်သတင်းများ