နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွားနို့မဟုတ်သည့် နို့များသောက်ခြင်းဖြင့် ကလေးများ အရပ်ပုနိုင်

နွားနို့မဟုတ်သည့် နို့များသောက်ခြင်းဖြင့် ကလေးများ အရပ်ပုနိုင် ပဲ၊ မက်မွန်၊ ဆန်တို့ကဲ့သို့ နွားနို့မဟုတ်သည့် နို့ထွက်ပစ္စည်းမဟုတ်သည့် နို့တို့ကို သောက်သုံးသည့်ကလေးများသည် နွားနို့သောက်သုံးသည့် ကလေးများဖြင့် ယှဉ်ပါက အရပ်အနည်းငယ်ပိုပုကြောင်း သုတေသနစစ်တမ်းအသစ်က ပြောထားသည်။ American Journal of Clinical Nutrition တွင်ဖော်ပြခဲ့သည့် လေ့လာမှုအရ နွားနို့မဟုတ်သည့်နို့များကို နေ့စဉ် သောက်သုံးသည့် ကလေးများသည် ယင်းတို့အသက်အရွယ်တွင်ရှိသင့်သည့် ပျမ်းမျှအရပ်ထက် ဝ ဒသမ ၄ စင်တီမီတာ ဝ ဒသမ ၁၅လက်မ ပိုနိမ့်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သုတေသနက အသက်နှစ်နှစ်မှ ခြောက်နှစ်အတွင်းရှိ ကလေးငယ် ၅၀၃၄ ဦးကိုလေ့လာခဲ့သည်။ ထိုကလေးများထဲတွင် ၅၁ ရာခိုင်နှုန်းက ယောကျာ်းလေးများဖြစ်ကြပြီး ယင်းတို့ကို ၂၀ဝ၈ ဒီဇင်ဘာမှ ၂၀၁၅ စက်တင်ဘာအထိ စောင့်ကြည့်လေ့လာခဲ့ကြသည်။ ပါဝင်သူများထဲတွင် ငါးရာခိုင်နှုန်းခန့်က နွားနို့မဟုတ်သည့်နို့များကို သောက်သုံးသူများဖြစ်ပြီး ၈၄ ရာခိုင်နှုန်းက နွားနို့ကိုသာ သောက်သုံးကြသူများဖြစ်သည်။ ကျန်ရှစ်ရာခိုင်နှုန်းက နှစ်မျိုးလုံးသောက်သူများဖြစ်ပြီး သုံးရာခိုင်နှုန်း က အခြားအာဟာရကို သောက်သုံးသူများဖြစ်ကြသည်။ သုတေသနတွင် အံ့အားသင့်စရာအကောင်းဆုံးအချက်က ကလေးများတွင် အရပ်နိမ့်ရသည့်အတိုင်းအတာသည် အစားထိုးနို့တို့ကို သောက်ခဲ့သည့် အချိန်ကာလပေါ်မူတည်နေကြောင်း မက်ဂွိုင်းယားက ပြောသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းတစ်ခုက အပင်ထွက်ပစ္စည်းများနှင့် ထုတ်လုပ်သည့်နို့များသည် နွားနို့တွင် ပါဝင်သည့် အင်ဆူလင်လို ဖွံ့ဖြိုးမှုဓာတ် IGF ကို မနှိုးဆွပေးနိုင်သောကြောင့်ဖြစ်နိုင်ကြောင်း ပြောထားသည်။ IGF များသူများသည် မျိုးပွားလမ်းကြောင်းကင်ဆာများဖြစ်လာနိုင်ခြေ ပိုများနိုင်ကြောင်း သုတေသနများက တွေ့ရှိထားသည်။ (WP)






အခြားဆက်စပ်သတင်းများ