ရန်ကုန် ဖေဖော်ဝါရီ ၂၃
နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးက ပြည်သူများအတွက် ရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေး ကူညီခြင်း၊ နီးစပ်ရာဆေးရုံသို့ ညွှန်းပို့ပေးခြင်းများကို ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ အကူအညီပေးနိုင်ရန် ရွေ့လျားရှေးဦးပြုစုခြင်း စခန်းငယ်များဖွင့်လှစ်ကာ ကြက်ခြေနီအခြေခံမူခုနစ်ချက်နှင့် အညီ ပြည်သူများကို ကူညီပေးလျက်ရှိသည်။
မြန်မာ့ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကြက်ခြေနီစိတ်ဓာတ် အရင်းခံကာ ကူညီပေးလျက်ရှိပြီး အကျိုးတစ်စုံတစ်ရာမမျှော်လင့်ဘဲ စေတနာ၊ မေတ္တာအပြည့် ပြည်သူ့ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုဆောင်ရွက်ပေးနေကြသည့် ကြက်ခြေနီ စေတနာလုပ်အားရှင် (Red Cross Volunteer) များဖြစ်ကြသည်။
(WP)