အိမ်မဲ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူးသုံးစွဲနည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပေးခဲ့ပြီး မြို့မစျေးကြီးရှိရေစက်မှ ရေထွက်ကိုသရုပ်ပြခဲ့သည်။ ဆက်လက်ပြီး တာဝန်ရှိသူများက မြို့မစျေးကြီးအတွင်းမှ ဆိုင်သုံးမီတာများ မီးဘေးလုံခြုံရေး ရှိ၊ မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်မြို့မစျေးကြီးတွင် ဆိုင်ခန်းပေါင်း ၄၆၅ ခန်းရှိပြီးမြို့မစျေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအနေဖြင့် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)