နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၁၆)နှစ်သမီးကို ဓားဖြင့်ထိုးသတ်သူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

ကျောင်းကုန်း  ဖေဖော်ဝါရီ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်အုပ်စု၊ ပတ်တန်းကျေးရွာ၌ ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၁၀ နာရီအချိန်ခန့်က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တရားလိုနန့်တင်နွယ်လှိုင်သည် ရွာအပြင်ဘက်ရှိ လယ်တဲနေအိမ်ပေါ်၌မိခင်နှင့် အတူ သုံးယောက်ဝိုင်းဖွဲ့စကားပြောနေစဉ် ယခင်က ခင်မင်ရင်းနှီးသူ လှိုင်မင်းထွန်း(ခ)ငပိမှာ အရက်မူးကာ နေအိမ်ပေါ်တက်ရောက်၍ ၎င်းခရီးသွားခဲ့သောအကြောင်းများပြောပြနေပြီး၊ အိမ်ရှေ့အလယ်တိုင်တွင် ချိတ်ထားသော နန့်အေးမွန်ထွေး၏ဓာတ်ပုံကို ဖြုတ်ယူသဖြင့် အမှတ်တရပုံဖြစ်လို့ မပေးနိုင်ကြောင်းပြော၍ ဓာတ်ပုံအားပြန်လုယူရာ တရားခံမှအသင့်ပါလာသော ဓားမြောင်ဖြင့် ဝမ်းဗိုက်အား ထိုးသွင်းခဲ့ကြောင်း၊ တရားလိုမှ ဓားမြှောင်အားလုယူရာ မရရှိဘဲ အော်ဟစ်နေသော နန့်အေးမွန်ထွေးအား လေးချက်ခန့် ထပ်မံထိုးသဖြင့် နေရာတွင်သေဆုံးသွားကြောင်း၊ ပတ်ဝန်းကျင်အား အကူအညီတောင်းခံခဲ့ရာ တရားခံမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ညီမဖြစ်သူအား သေဆုံးအောင် ဓားဖြင့်ထိုးသတ်ပြီး၊ ၎င်းအား ဒဏ်ရာရရှိအောင် ပြုလုပ်သူ လှိုင်မင်းထွန်း(ခ)ငပိအား ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပွားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်သူ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ထမင်းဆုပ်ကုန်းကျေးရွာ နေသူအား ဖမ်းဆီးရမိရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ ဦးဆောင်သောအဖွဲ့၊ မြို့မရဲစခန်းမှူး ဦးဆောင်သောအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ဦးဆောင်သောအဖွဲ့၊ ဝက်ချောင်းရဲကင်းစခန်းမှူး ဦးဆောင်သောအဖွဲ့နှင့် မြို့မရဲစခန်းမှ အသင့်တာဝန်ကျ ရဲတပ်ကြပ်မင်းမင်းအောင်၊ ရဲတပ်သားနေမျိုးထက် တို့မှ သက်သေများနှင့်အတူ ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၈ နာရီခန့်တွင် ကျောင်းကုန်းမြို့မဈေးအနီး  လှေကူးဆိပ်၌ သတင်းစုံစမ်းနေစဉ် နိုင်လွန်အိတ်အတွင်းမှ အရိုးလေးလက်မ၊ အသွားခြောက်လက်မ၊ ဗျက်တစ် လက်မရှိ သစ်သားရိုးတပ်သွေးစွန်းနေသော ဓားမြောင်နှင့်အတူ တရားခံလှိုင်မင်းထွန်း(ခ)ငပိ(၂၇)နှစ်အား လက်ရဖမ်းဆီးရမိခဲ့သဖြင့် ကျောင်းကုန်းမြို့မရဲစခန်းမှ(ပ)၄၇/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းကသိရသည်။                 

ဝင်းကြိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ