နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ  ၂၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့သည် ရေသုံးစွဲသူမိဘပြည်သူများအား ရေပေးဝေရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ရေသုံးစွဲသူ ပြည်သူများ ရေပြတ်တောက်မှုမရှိစေရေး ၂၄ နာရီအချိန်ပြည့် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ရန်ကုန်မြို့ရေပေးဝေရေးစနစ်ယန္တရားတစ်ခုလုံး ဟန်ချက်ညီညီ လည်ပတ်နိုင်ရေးအတွက် ရေအရင်း အမြစ်အပိုင်း၊ ရန်ကုန်မြို့သို့ ရေပို့ပိုက်လိုင်းကြီးများဖြင့် ရေပေးပို့မှုအပိုင်း၊ ရန်ကုန်မြို့တွင်းရောက်ရှိလာသော ရေကို ရေသုံးစွဲသူမိဘပြည်သူများထံရောက်ရှိအောင် ရေဖြန့်ဖြူးပေးဝေသည့်အပိုင်း စသည့်အပိုင်း ၃ ပိုင်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအားလုံးသည် အချိန်နှင့်တစ်ပြေးညီ အချိတ်အဆက်မိမိ အချိန်ပြည့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ရေအရင်းအမြစ်များဖြစ်သော ရေလှောင်ကန်ကြီးများနှင့် ရေသန့်စင်စက်ရုံများသည် ရန်ကုန်မြို့ပြင် ဝေးရာအရပ်တွင်တည်ရှိပြီး(ဥပမာ)အားဖြင့် ဂျိုးဖြူပိုက်လိုင်းသည် မိုင်ပေါင်း ၄၃ မိုင် ရှည်လျား သည်။ ဂျိုးဖြူရေသည် ရန်ကုန်မြို့သို့ရောက်ရှိရန် ၄၃ မိုင်ခရီးနှင်ခဲ့ရပြီး လမ်းခရီးတစ်လျှောက် အနှောင့်အယှက်ကင်းကင်းဖြင့် ရေဆုံးရှုံးမှုမရှိစေဘဲ ဂျိုးဖြူရေများ ရန်ကုန်မြို့သို့ရောက်ရှိရန် ဝန်ထမ်း အသီးသီးသည် မိမိတို့တာဝန်ကျရာနေရာအသီးသီး၌ အချိန်ပြည့်တာဝန်လစ်ဟင်းမှု မရှိစေဘဲတာဝန် များ ထမ်းဆောင်လျက်ရှိကာ ရေပေးဝေရေးစနစ်လုံခြုံရေးကိုလည်း စဉ်ဆက်မပြတ်တာဝန်ထမ်းဆောင် တာဝန်ကျေပွန်ရသည်။ ရန်ကုန်မြို့ထဲရောက်ရှိလာတဲ့ရေကို ဖြန့်ဖြူးရာမှာလည်း ရေဘားများ အဖွင့်အပိတ်ပြုလုပ်ခြင်း၊ ထပ်ဆင့်ရေတွန်းစက်များ ဟန်ချက်ညီမောင်းနှင်ခြင်းများဖြင့် ရေဖိအားများ ထိန်းညှိပေးကာ၊ ရေပိုက်ပေါက်ခြင်း၊ ရေတွန်းစက်များပျက်ယွင်းခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း များကိုလည်း ချက်ခြင်းအချိန်မဆိုင်းဘဲပြင်ဆင်ပေးရပါသည်။
 
ထိုသို့ချက်ချင်းဆောင်ရွက်နိုင်ရန်ကိုလည်း ကြိုတင်အသင့်ပြင်ဆင်ထားရပါသည်။
ဝန်ထမ်းများအလှည့်ကျ အဆင်သင့်အနေအထားဖြင့် ဂျူတီစောင့်ရခြင်း။
ဝန်ထမ်းတစ်ဦးတာဝန်လစ်ဟင်းသည်နှင့် ရေပေးဝေရေးစနစ် ဟန်ချက်ပျက်ယွင်းပြီး ရေသုံးစွဲသူမိဘပြည်သူများထံ ရေရောက်ရှိဖို့ အခက်အခဲများနှင့် ကြုံတွေ့ရနိုင်ခြင်း၊ ရေပေးဝေရေးဝန်ထမ်း များ၏ ပင်ပင်ပန်းပန်းတာဝန်ကျေပွန်မှုများနှင့်အတူ ရန်ကုန်မြို့သို့ရောက်ရှိလာသောရေမှာ အလွန်အဖိုးတန် ကာ  အလေအလွင့်မရှိစေဘဲ တန်ဖိုးထား၍ ရေကိုဖြုန်းတီးမှုမရှိစေရန် ရေသုံးစွဲသူမိဘပြည်သူများက အကျိုးရှိရှိသုံးစွဲကြရန် လိုအပ်သလိုရေပေးရေးစနစ်များလုံခြုံမှုကိုလည်း တစ်ဖက်တစ်လမ်းမှပါဝင်ကူညီ  စောင့်ရှောက်ပေးခြင်း ရေပေးရေးဝန်ထမ်းများဘက်ကလည်း မိဘပြည်သူရေသုံးစွဲသူအားလုံးအား ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ဝန်ထမ်းများအနေဖြင့် လက်ရှိရေပေးဝေရေးစနစ်ယန္တရား ပုံမှန်လည်ပတ်နိုင်ရေး၊ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ခေတ်မီသောရေပေးဝေရေးစနစ်ဖြစ်လာစေရေး၊  သောက်သုံးရေအတွက်သာမက မီးဘေးလုံခြုံရေးတို့ကို အချိန်ပြည့်စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နိုင် ရန်၊ အစဉ်ကြိုးစားလျက်ရှိကာ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ ရေသုံးစွဲသူမိဘပြည်သူတို့အား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံ အဖွဲ့ထံမှ သိရှိရသည်။                                  

၁၂၅






အခြားဆက်စပ်သတင်းများ