နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုနိုင်ငံတွင် အရက်ပုန်းကြောင့် လူ ၄၆ ဦး သေဆုံး

မေ  ၁၄၊ မက္ကဆီကိုစီးတီး

မိုရီလို့စ်နှင့် ပူဘလာပြည်နယ်များတွင် အရက်ပုန်းသောက်ပြီး လူ ၄၆ ဦး သေဆုံးခဲ့ခြင်းကြောင့် အရက်ပုန်းချက်သည့် မူလဇစ်မြစ်ကို မက္ကဆီကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့ကစ၍ လူများ ဖျားနာခဲ့ကြသည်။ အချို့မှာ အမေများနေ့ အထိမ်းအမှတ် အောင်ပွဲခံ ရန် အရက်ဝယ်သောက်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ အရက်ဝေသည့် ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ကြခြင်း ဟု ဆိုသည်။

အရက်ပုန်းသောက်မိပြီး ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းဖြစ်ပါက ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြရန် မက္ကဆီကိုအာဏာပိုင်များက သတိပေးထားသည်။ မိုရီလို့စ်ပြည်နယ်တွင် လူ ၂၉ ဦး သေဆုံးခဲ့ပြီး ပူဘလာပြည်နယ်တွင် လူ ၁၇ ဦး သေဆုံးခဲ့သည်။ အရက်ပုန်းချက်သည့်နေရာကို ဖော်ထုတ်နိုင်ရန် တီလစ်တက်ရွာသို့ စုံစမ်းစစ်ဆေးသူများ စေလွှတ်ထားသည်။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ