နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖေဖော်ဝါရီလအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ အထိ ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့်ပြုမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၁


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲသော ပြည်သူများအား ဖေဖော်ဝါရီလ အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ အထိ ဓာတ်အားခကျသင့်ငွေ ကင်းလွတ် ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကန့်သတ်ချက်များ ထုတ်ပြန်ထားသော ကာလကို ဖေဖော်ဝါရီ  ၂၈  ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ထားပြီး အဆိုပါ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး တိုးမြှင့်သတ်မှတ်ကာလအတွက် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်း များ(သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မပါ)အား အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ယူနစ် ၁၅၀ အထိ ငွေကြေးကောက်ခံမှု ထပ်မံကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတွက်ကြောင့် စုစုပေါင်းသုံးစွဲခဲ့သော အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များ အနက်မှ ၁၅၀ ယူနစ်အထိအတွက် ဓာတ်အားခကျသင့်ငွေကို မပေးဆောင်ရဘဲ ၁၅၁ ယူနစ်နှင့်အထက် သုံးစွဲမှုများ အတွက်သာ အလွှာအလိုက် သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အိမ်သုံးမဟုတ်သော အမျိုးအစားတွင် ပါဝင်သည့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများမှအပ ကျန်လျှပ်စစ် ဓာတ်အားသုံးစွဲသူများ အနေနှင့် သက်ဆိုင် ရာမှ သတ်မှတ်ထားသည့် ယခင်နှုန်းထားများအတိုင်း ပေးဆောင်ကြ ရမည်ဖြစ်ကြောင်း သိရသည်။                      


 ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ