နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ ပြန်လည် ပို့ဆောင်ပေးခဲ့

ရန်ကုန်   ဖေဖော်ဝါရီ ၂၁


COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်း နေကြသည့် မြန်မာသင်္ဘောသား  ၁၄၂ ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Myanmar Seafarer Employment Services Federation (MSESF) ၏ စီစဉ်မှုဖြင့် ဖေဖော်ဝါရီ ၂၀ ရက်က မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။ 

 အဆိုပါကယ်ဆယ်ရေး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇ နာရီ မိနစ် ၅၀ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား  ၇၆  ဦး၊ ဖိလစ်ပိုင်မှ  ၆  ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ  ၇ ဦး၊ စပိန်မှ  ၆  ဦး၊ ဘင်္ဂလားဒေ့ရှ်မှ တစ်ဦး၊ ဂျာမနီမှ  ၂၀  ဦး၊ တောင်အာဖရိကမှ  ၆ ဦး၊ ပနားမားမှ တစ်ဦး၊ ဂျပန်မှ နှစ်ဦး၊ ကနေဒါမှ နှစ်ဦး၊ အင်ဒိုနီးရှားမှ တစ်ဦး၊ အိန္ဒိယမှ နှစ်ဦး၊ မော်တာမှ တစ်ဦး၊ ဂရိမှ  ၁၀ ဦး၊ စင်ကာပူမှ တစ်ဦး၊ စုစုပေါင်း  ၁၄၂ ဦးတို့ လိုက်ပါခဲ့ကြသည်။ အဆိုပါလေယာဉ်ဖြင့်လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

                                                 (WP)






အခြားဆက်စပ်သတင်းများ