နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မအူပင်မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မအူပင် ဖေဖော်ဝါရီ ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မအူပင် မြို့ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲဝင်များ၊ ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာနေရာသို့မအူပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ခရိုင်ရဲတပ် ဖွဲ့မှူး ဒုရဲမှူးကြီး အေးလွင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုဦး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုရဲမှူးသိန်းဝင်း၊ ခလရ(၂၇)ခေတ္တတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ပွား တို့က ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအင်အား ၁၈၅ ဦးတို့က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း/ အပြင်များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                     


အောင်ခိုင်(မအူပင်)






အခြားဆက်စပ်သတင်းများ