နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၄၁) ကြိမ်မြောက် ရန်ကုန်-စင်ကာပူ-ရန်ကုန် Relief Flight ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ထပ်မံပြေးဆွဲပေးမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၁


မြန်မာအမျိုးသားလေကြောင်း(MNA)အနေနှင့် ယခု COVID-19 ရောဂါ ကူးစက်ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် စင်ကာပူနိုင်ငံအကြား ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)များကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA)မှ သိရသည်။

ရန်ကုန်-စင်ကာပူ၊ စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ထပ်မံပျံသန်းပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ပြီး နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် စင်ကာပူနိုင်ငံသို့ အရေးကြီး ကိစ္စရပ်များဖြင့် သွားရောက်လိုသူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ (၄၁)ကြိမ်မြောက် ရန်ကုန်-စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်အား ပျံသန်းပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-စင်ကာပူ Relief Flight သည် ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး စင်ကာပူ-ရန်ကုန် Relief Flight မှာလည်း ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင် စင်ကာပူနိုင်ငံမှ စတင် ထွက်ခွာမည်ဖြစ်ကြောင်း၊ ထိုကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် မြန်မာအမျိုးသားလေကြောင်း(MNA)နှင့်အတူ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ စင်ကာပူသံရုံး တို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ Relief Flight များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများ ကိုသာ ကန့်သတ်ထားသော ခရီးသည်အရေ အတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာအမျိုးသားလေကြောင်း(MNA)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် များအတွက် လည်း သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံ အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။                                         


(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ