နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် နာကျင်ခဲ့ရသည်ဟု ဂျာမနီဝန်ကြီးချုပ် ပြော

မေ  ၁၄၊  မော်စကို

ရုရှားစစ်တပ်၏ ထောက်လှမ်းရေးအဖွဲ့ဝင်များ(GRU) ဖြစ်ဖွယ်ရှိသည့် ဟက်ကာများက ယင်းကို ဆိုက်ဘာတိုက်ခိုက်ခဲ့သည်ဟု ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က အတည်ပြုသည်။
၂၀၁၅ ခုနှစ်က ဆိုက်ဘာတိုက်ခိုက်မှုတွင် ယင်း၏မဲဆန္ဒနယ်ရုံးမှ အီးမေးလ်များကို GRU က ရရှိသွားသည်ဟု ဂျာမန်မဂ္ဂဇင်းတစ်စောင်က ဖော်ပြခဲ့ရာ အဆိုပါရေးသားချက်နှင့်ပတ်သက်၍ လွှတ်တော်တွင် မာကယ်ကို မေးမြန်းခဲ့သည်။

'' ဒီလုပ်ရပ်က ကျွန်မကို နာကျင်စေပါတယ်။ ခံပြင်းစရာကောင်းတဲ့လုပ်ရပ်ပါ''ဟု မာကယ်က ပြောသည်။ သို့သော် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဟု မာကယ်က ပြောသည်။  ၂၀၁၈ ခုနှစ်ကလည်း ဂျာမနီအစိုးရ၏ IT ကွန်ရက် ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရဖူးသည်။ အဆိုပါတိုက်ခိုက်မှုမှာလည်း ရုရှားဟက်ကာတွေ၏ လက်ချက်ဟု ဆိုကြသည်။ သို့သော် ဂျာမန်လွှတ်တော်၏ အချက်အလက်များကို ဆိုက်ဘာတိုက်ခိုက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ရုရှားအစိုးရက ငြင်းဆန်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ