နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာက ကိုယ်ဝန်ဆောင်များအတွက် အထောက်အကူဖြစ်

ဟင်းသီးဟင်းရွက်များနှင့် အစေ့၊ အဆန်စသော အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ရုတ်တရက်သွေးတိုးခြင်းကို ကာကွယ်နိုင်သည်ဟု သုတေသနအသစ်တစ်ရပ်က ဖော်ပြသည်။ Preeclampsia ဟုခေါ်သော အခြေအနေသည် ကိုယ်ဝန်ဆောင်မှုအားလုံး၏ ၁၀ ရာခိုင်နှုန်းတွင် ဖြစ်ပွားနိုင် သည်။ ယင်း၏လက္ခဏာများသည် သွေးတိုးခြင်း၊ ဆီးထဲတွင် ပရိုတင်းဓာတ်တွေ့ခြင်းနှင့် မိခင်တွင် ကိုယ်ခန္ဓာ အလွန်အမင်း ရောင်ရမ်းခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းအခြေအနေသည် သန္ဓေသား၏ ကိုယ်ခံအားစနစ်က နှောင့်ယှက်ပြီး နောက်ပိုင်းတွင် ကလေးငယ် ကို ဓာတ်မတည့်မှုများနှင့် အလိုအလျောက်ခုခံနိုင်သောရောဂါများနှင့် ပတ်သက်၍ ပြဿနာရှိစေနိုင်သည်။ သို့သော် ယင်းကို အစားအသောက်ပုံစံပြောင်းလဲခြင်းဖြင့် ရှောင်ရှားနိုင်သည်ဟု သုတေသီများကဆိုသည်။ မိခင်၏ အစာခြေ ဗက်တီးရီးယားနှင့် အစားအသောက်သည် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်ဝန်ဆောင်မှုဖြစ်ရန် အဓိကကျပုံရသည်ဟု သုတေသီများကပြောသည်။ လတ်ဆတ်၍ အာဟာရပြည့်ဝပြီး အသီးအနှံများပါဝင်သောအစားအစာစားရန်နှင့် အများအပြားမစားရန် အကြံပေးချက်သည် သွေးတိုး၍ ခန္ဓာကိုယ်ရောင်ရမ်းစေသော Preeclampsia ရောဂါမဖြစ်စေရေး ထိရောက်သော နည်းလမ်းဖြစ်သည်ဟု သုတေသီများကပြောသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ