နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တံထွေးဖြင့် ထွေးခံခဲ့ရသည့် ဘူတာရုံဝန်ထမ်းအမျိုးသမီး COVID-19 ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်

မေ ၁၃၊ လန်ဒန်

COVID-19 ရောဂါရှိသည်ဆိုသည့် အမျိုးသားတစ်ဦးက တံထွေးဖြင့် ထွေးခဲ့ပြီးနောက် COVID-19 ရောဂါ ကူးစက်ခံခဲ့ရသည့် ရထားဘူတာရုံဝန်ထမ်းမှာ ကွယ်လွန်သွားခဲ့သည်။ အသက် ၄၇ နှစ်ရှိသည့် မူဂျင်ဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူဖြစ်သည်။ ပြီးခဲ့သည့်မတ်လ ၂၂ ရက်က လန်ဒန်မြို့ရှိ ဗစ်တိုးရီးယားဘူတာရုံတွင် အလုပ်လုပ်နေစဉ် မူဂျင်ဂါနှင့် အခြားလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦး တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ရက်ပိုင်းအကြာတွင် ယင်းတို့နှစ်ဦးလုံး COVID-19 ရောဂါကူးစက်ခံခဲ့ရသည်။
ယင်းတို့နှစ်ဦးကို တံထွေးဖြင့် ထွေးခဲ့သည့် အမျိုးသားကို ခြေရာခံနိုင်ရန် စုံစမ်းစစ်ဆေးမှု လုပ်နေကြောင်း ဗြိတိန်နိုင်ငံ ပို့ဆောင်ရေးရဲတပ်ဖွဲ့က ပြောသည်။

သံသယရှိသူအမျိုးသားက မူဂျင်ဂါအနီးသို့ ကပ်လာခဲ့ပြီး ''ဘာလုပ်နေတာလဲ။ ဘာလို့ ဒီမှာ ရှိနေတာလဲ''ဟု မေးမြန်းခဲ့ကြောင်း မူဂျင်ဂါ၏ခင်ပွန်း ကာတာလေက ပြောသည်။
'' သူက အလုပ်လုပ်နေတာလို့ ပြန်ပြောလိုက်တော့ အဲဒီအမျိုးသားက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ ပြောပြီး သူ့ကို တံထွေးနဲ့ထွေးခဲ့တာပါ''ဟု ကာတာလေက ဆိုသည်။ ဧပြီလ ၂ ရက်တွင် မူဂျင်ဂါကို ဘားနက်ဆေးရုံသို့ တင်ပို့ခဲ့ပြီး အသက်ရှူစက်တပ်ပေးခဲ့သော်လည်း နောက်သုံးရက်အကြာတွင် ကွယ်လွန်ခဲ့ကြောင်း ပို့ဆောင်ရေးလခစားဝန်ထမ်းများအဖွဲ့အစည်းက ပြောသည်။ မူဂျင်ဂါ၏ ဈာပနအခမ်းအနားသို့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူအပါအဝင် လူ ၁၀ ဦး တက်ရောက်ခဲ့ကြသည်။        
                                                   
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ