နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်ဖီသောက်သုံးသူများသည် အရိုးအဆစ် ပိုမိုသန်မာကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့

ဧပြီ ၁ ကော်ဖီကြိုက်သူများအတွက် ကော်ဖီတစ်ခွက်သောက်သုံးခြင်းသည် လန်းဆန်းမှုကို ပေးစွမ်းနိုင်သကဲ့သို့ ခံစားမှုမျိုးခံစားကြရသည်။ ထို့အပြင် ကော်ဖီတွင် အရိုးအဆစ်ကိုသန်မာစေသည့် အကျိုးအာနိသင်လည်းရှိနေ သေးသည်။ ကော်ဖီသောက်သုံးခြင်းသည် ကဖိန်းဓာတ်အပြည့်အဝရရှိရုံသာမကဘဲ အရိုးအဆစ်များကိုလည်း ပိုမိုသန်မာစေကြောင်းကို ဟောင်ကောင်တက္ကသိုလ်မှ သုတေသီများက လေ့လာချက်အသစ်တစ်ခုအရ သိရှိခဲ့သည်။ အရိုးပွရောဂါနှင့်ပတ်သက်ပြီး တရုတ်လူမျိုး ၅၆၄ ဦးကို နှိုင်းယှဉ်လေ့လာသည့်အခါ ထိုလူများထဲက ပုံမှန် ကော်ဖီသောက်သုံးသူများသည် မသောက်သူများထက် အရိုးဓာတ်သိပ်သည်းဆ ပိုကောင်းသည်ကို တွေ့ရှိခဲ့ သည်။ မကြာခဏ ကော်ဖီသောက်သူများတွင် အရိုးအဆစ်သန်မာစေသည့် အရိုးဓာတ်သိပ်သည်းဆသည် သိသိသာသာမြင့်မားနေသည်။ မတူညီသည့် မော်လီကျူသုံးမျိုးသည် ကော်ဖီသောက်သုံးခြင်းနှင့် အလွယ်တကူမကျိုးလွယ်သည့် Strong Bones နှစ်ခုလုံးဖြင့် ဆက်စပ်မှုရှိနေသည်ကို တွေ့ရှိခဲ့သည်။ တွေ့ရှိချက်များသည် နည်းပါးသေးသော်လည်း လေ့လာမှုထဲ မပါဝင်သည့်ပညာရှင်များက ထိုအထောက် အထားများအရ ကော်ဖီသောက်ခြင်းကြောင့် အရိုးကိုသန်မာစေသည်ဆိုသည့် သုံးသပ်ချက်သည် မှန်ကန် ကြောင်း ပြောထားသည်။ ကော်ဖီများများသောက်သူများအတွက် ကော်ဖီသည် ကျန်းမာရေး ဆိုးကျိုးသက်ရောက်မှု ရှိစေသည်ဟု စိုးရိမ်မှုများကို လျော့ကျစေမည့် သတင်းကောင်း တစ်ခုဖြစ်သည်။ (WP)






အခြားဆက်စပ်သတင်းများ