နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များ၌ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၉


တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီ ၈ ရက်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်များအတွင်း၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မြင်းခြံမြို့နယ်နှင့်အမရပူရမြို့နယ်များ အတွင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိမကွေးမြို့နယ်နှင့် ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မုံရွာမြို့နယ်နှင့် ကလေးမြို့နယ်များအတွင်း၌ လည်းကောင်း၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးညှင်း မြို့နယ်နှင့် ဖားကန့်မြို့နယ်များအတွင်း၌လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ တောင်ကြီးမြို့နယ်၊ - တာချီလိတ်မြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ ကလောမြို့နယ်၊ သီပေါမြို့နယ်၊ မူဆယ်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့အတွင်း၌လည်းကောင်း၊ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊  ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန်တားမြစ်လိုက်ပြီး လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက်ပိုသောသူများသည် ယင်းမြို့နယ်များအတွင်း အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှ၊ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။   

သတင်းစဉ်။






အခြားဆက်စပ်သတင်းများ