နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုက်ထဲမှာ ဘာအစာမျှမရှိခင် ရေသောက်ခြင်းက ဘာတွေဖြစ်လာနိုင်မလဲ

ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံသည် ရေနွေးပူပူအသောက်ဆုံးနိုင်ငံဖြစ်ကြောင်း ရှေးပဝေသဏီကတည်းက လူသိများကြသည်။ သို့သော် မျက်မှောက်ခေတ်ကာလတွင် ထိုနိုင်ငံရှိ ကျန်းမာရေးသုတေသီများက ပြည်သူ၊ ပြည်သားများကို နံနက်စောစောအိပ်ရာထမှာ သောက်ရေများများသောက်ကြဖို့ တိုက်တွန်းနှိုးဆော်နေပြီဖြစ်သည်။ သုတေသီများ၏ သုတေသနပြုမှတ်တမ်းများအရ နံနက်အိပ်ရာထ ဗိုက်ထဲမှာဘာအစာမျှမရှိခင် ရေများများသောက်ခြင်းက ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးရောဂါအမျိုးမျိုး၊ ဝက်ရူးပြန်ခြင်း၊ အဝလွန်ခြင်း၊ တီဘီအဆုတ်နာ၊ ဦးနှောက်အမြှေးယောင်ခြင်း၊ ကျောက်ကပ်ရောဂါအမျိုးမျိုး၊ ပျို့အန်ခြင်း၊ အစာအိမ်ဝေဒနာများ၊ ဆီးချို၊ ဝမ်းချုပ်ခြင်း၊ လည်ချောင်းနာ၊ သားအိမ်နှင့်ပတ်သက်သောရောဂါများ၊ နားရောဂါ စသည့် ဝေဒနာအမျိုးမျိုးတို့မှ ပျောက်ကင်းသက်သာသွားသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း အကြံပြုထားကြသည်။ ရေသောက်ရမည့် နည်းစနစ် • နံနက်အိပ်ရာထထချင်း ရေသုံးခွက် (၃ ဖန်ခွက်) တိတိသောက်ပါ။ (အကယ်၍ စဦးပိုင်းမှာ အဲဒီလောက်ပမာဏကို တစ်ပြိုင်နက်တည်း မသောက်နိုင်သေးပါက မိမိသောက်နိုင်သလောက် များများ သောက်ပေးပါ၊ နောက်နေ့တွေမှာ တဖြည်းဖြည်းတိုး၍သောက်ပါ) • ပြီးရင် သွားတိုက်ပါ။ သွားတိုက်ပြီး နာရီဝက်ခန့်ကြာတဲ့အထိ မည်သည့်အဖတ်နှင့် အရည်မျိုးကိုမျှ မစားသောက်ပါနှင့်။ • သွားတိုက်ပြီးနောက် နာရီဝက်ပြည့်ပြီဆိုပါက၊ မိမိစားနေကျပုံမှန်အတိုင်း အဖတ်နှင့်အရည်တို့ကို စတင်စားသောက်နိုင်ပါပြီ။ ပျောက်ကင်းနိုင်သော ရောဂါများ အထက်ပါနည်းစနစ်အတိုင်း ပြုကျင့်သွားခြင်းဖြင့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး လုံးဝမရှိစေဘဲ အောက်ဖော်ပြပါ ရောဂါများမှ သက်သာပျောက်ကင်းနိုင်ပါလိမ့်မည်- • ရက်ပေါင်း ၃၀ အကြာတွင် သွေးတိုးရောဂါမှ သက်သာပျောက်ကင်းနိုင်ပါမည်။ • ၁၀ ရက်အကြာတွင် အစာအိမ်ရောဂါမှ သက်သာပျောက်ကင်းနိုင်ပါမည်။ • ရက်ပေါင်း ၃၀ အကြာတွင် ဆီးချိုရောဂါမှ သက်သာပျောက်ကင်းနိုင်ပါမည်။ • ၁၀ ရက်အကြာတွင် နာတာရှည် ဝမ်းချုပ်ရောဂါမှ သက်သာပျောက်ကင်းနိုင်ပါမည်။ • ရက်ပေါင်း ၁၈၀ အကြာတွင် ကင်ဆာရောဂါအမျိုးမျိုးမှ သက်သာပျောက်ကင်းနိုင်ပါမည်။ • ရက်ပေါင်း ၉၀ အကြာတွင် တီဘီအဆုတ်နာရောဂါမှ သက်သာပျောက်ကင်းနိုင်ပါမည်။ • အဆစ်အမျက်နာကျင်ကိုက်ခဲခြင်း ဝေဒနာများ သိသိသာသာပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။ ရေလုံးဝမသောက်သင့်ဆုံးအချိန် အမေရိကန်ကျန်းမာရေးသုတေသီများ၏ စစ်တမ်းများအရ၊ ကမ္ဘာပေါ်ရှိ တရုတ်နှင့် ဂျပန်လူမျိုး များသည် အူကင်ဆာရောဂါဖိစီးခံရမှုအနည်းဆုံးဖြစ်ကြောင်းသိရသည်။ အကြောင်းရင်းမှာ ယင်းလူမျိုးများ ထမင်းစားနေစဉ်ရေခဲရေနှင့် ရိုးရိုးရေအေးမသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လက်ဖက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိကြသည်။ ထမင်းစားနေစဉ် ရေခဲရေအေးအေးသောက်မိပါက ဟင်းလျာထဲရှိ အဆီအနှစ်များကအစာအိမ်နှင့် အူလမ်းကြောင်းတလျှောက် ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွား တတ်ကြပြီး၊ အစာကိုကောင်းစွာမချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါသည်။ ထို့အပြင် ထမင်း၊ ဟင်းပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်သောအခါ၊ တစ်ပြိုင်နက်တည်းမှာပင် အပူနှင့်အအေးတို့ကို ထိတွေ့ခံစားလိုက်ရတာကြောင့် အစာအိမ်ကိုကသိကအောက်ဖြစ်စေသည်။ ထိုသို့ အပူအအေးတန်ပြန်သက်ရောက်မှုကလည်း အစာအိမ်မှအက်ဆစ်ထွက်ရှိမှုကို ကမောက်ကမဖြစ် လာပြီး ဗိုက်နာဗိုက်အောင့်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ထမင်းစားနေစဉ် ရေခဲရေ၊ သောက်ရေအေး စသည်တို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချသင့်ပါသည်။ အထူးသတိပြုရန်မှာ ထမင်းစားပြီး အနည်းဆုံးနာရီဝက်ကျော်ကြာမှသာသောက်ရေအေးသောက်သင့်ပါကြောင်း ထပ်လောင်းအကြံပြုလိုက်ရပါသည်။ ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ