နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID–19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် Huawei ကုမ္ပဏီမှ နည်းပညာများ ပံ့ပိုးကူညီမည််

ရန်ကုန်    မေ    ၁၃

မြန်မာနိုင်ငံ၌ COVID–19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် Huawei ကုမ္ပဏီမှလည်း နည်းပညာများပံ့ပိုးကူညီမည်ဖြစ်ကြောင်း မေ ၁၂ ရက်က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သော Huawei Myanmar ICT Congress 2020 အခမ်းအနားတွင် Huawei Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် Huawei ကုမ္ပဏီက အများကြီး ကူညီထောက်ပံ့ပေးသွားဖို့ရှိပါတယ်။ ဆေးရုံတွေက CD စက်တွေနဲ့ Huawei ရဲ့ AI Solution ကို ချိတ်ဆက်ဆောင်ရွက်လို့ရပါတယ်။ Video Conferencing Solution အနေနဲ့လည်း ထောက်ပံ့ပေးသွားဖို့ရှိပါတယ်။ ဆရာဝန်တွေနဲ့ လူနာတွေကြားမှာ ဆက်ဆံရေးလွယ်ကူအောင် ကူညီ ဆောင်ရွက်ပေးသွားမှာပါ" ဟု ယင်းကပြောသည်။

လက်ရှိတွင် Huawei ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံမှ ဖောင်ကြီးယာယီဆေးရုံနှင့် ဆေးတက္ကသိုလ်(၁) တို့တွင် Video Conferencing စနစ်များ တပ်ဆင်ပေးနေကြောင်း၊ Huawei ကုမ္ပဏီသည် နိုင်ငံတကာရှိ ဆေးရုံကြီးများတွင် Video Conferencing တပ်ဆင်ပေးခြင်းအပြင် ရောဂါရှာဖွေရေး နည်းပညာများကိုလည်း အခမဲ့ကူညီဆောင်ရွက်နေပြီး တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ဝ ကျော်မှ ဆေးရုံပေါင်း ၁၄၇ ရုံကို နည်းပညာပိုင်းဆိုင်ရာများ ပံ့ပိုးကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထို့အပြင် Huawei ကုမ္ပဏီသည် COVID–19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ပိုမိုမြန်ဆန်သော 5G စနစ်ကိုလည်း မိတ်ဆက်ဆောင်ရွက်ပေးနေပြီး အဆိုပါ နည်းပညာပိုင်းဆိုင်ရာများအပြင် COVID–19 ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာများကိုလည်း ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။                                                      

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ