နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်(၁၀/၂၀၂၁)အရ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများကို ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းသို့ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ အဖြစ် ကချင်ပြည်နယ်တွင် ဦးခက်ထိန်နန်၊ ကယားပြည်နယ်တွင် ဦးခင်မောင်ဦး(ခ)ဘူးရယ်၊ ကရင်ပြည်နယ်တွင် ဦးစောမြင့်ဦး၊ ချင်းပြည်နယ်တွင် ဦးတဲရင့်စ်စမွိုင်းနီခွဲ၊ မွန်ပြည်နယ်တွင် ဒေါက်တာတင်ဌေး၊ ရခိုင်ပြည်နယ်တွင် ဒေါက်တာအောင်ကျော်မင်း၊ ရှမ်းပြည်နယ်တွင် ဒေါက်တာကျော်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဦးမောင်မောင်လင်း၊ မကွေးတိုင်းဒေသကြီးတွင် ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီးတွင် ဦးမောင်ကို၊ ပဲခူး တိုင်းဒေသကြီးတွင် ဦးမျိုးဆွေဝင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဦးတင်အောင် တို့ကို အသီးသီးခန့်အပ် တာဝန်ပေးလိုက်ကြောင်းသိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ