နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအမျိုးသားလေကြောင်း(MNA)၏ နယူးဒေလီ-ရန်ကုန် Relief Flight ကို မေ ၁၉ ရက်တွင် ပြေးဆွဲမည်

ရန်ကုန်    မေ    ၁၃

မြန်မာအမျိုးသားလေကြောင်း(MNA)နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း နယူးဒေလီ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)ကို မေ ၁၉ ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများအတွက် အဆင်ပြေစေရန် ယခုကဲ့သို့ နယူးဒေလီ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)ကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြန်မာ အမျိုးသားလေကြောင်း(MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ နယူးဒေလီ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)သည် မေ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် နယူးဒေလီမှစတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများ ကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ လေယာဉ် လက်မှတ်ဝယ်ယူလိုသူများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုသူများသည် ဖုန်းနံပါတ် - +91 9810038227၊ +91 1129813311 နှင့် +91 8709558613 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ထို့အပြင် မြန်မာအမျိုးသားလေကြောင်း(MNA)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက် များရရှိပါက ထပ်မံ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။                

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ