နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Amazon ကုမ္ပဏီအမှုဆောင်ချုပ် ရာထူးမှ ဂျက်ဖ်ဘီဇို့စ် နုတ်ထွက်မည်

ဝါရှင်တန်   ဖေဖော်ဝါရီ      ၃


Amazon ကုမ္ပဏီကို တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်မှာ ကုမ္ပဏီအမှုဆောင်ချုပ် ရာထူးမှ နုတ်ထွက်တော့ မည်ဖြစ်သည်။ ဂျက်ဖ်ဘီဇို့စ်သည် လွန်ခဲ့သည့် နှစ် ၃၀ နီးပါးက ယင်း၏နေအိမ်ဂိုဒေါင်အတွင်း e-commerce ကုမ္ပဏီ Amazon ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသူဖြစ်သည်။


လက်ရှိအချိန်တွင် Amazon ၏ cloud computing စီးပွားရေးကို ဦးဆောင်နေသည့် အန်ဒီဂျက်ဆီက Amazon ၏ အမှုဆောင်ချုပ်အဖြစ် အစားထိုး ဝင်ရောက်မည်ဖြစ်သည်။ ဂျက်ဖ်ဘီဇို့စ်မှာ အမှုဆောင်ချုပ်အဖြစ်မှ နုတ်ထွက်မည်ဖြစ်သော်လည်း အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆက်ရှိမည်ဖြစ်သည်။ ဂျက်ဖ်ဘီဇို့စ်အနေဖြင့် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကုမ္ပဏီအမှုဆောင်ချုပ်ရာထူးမှ နုတ်ထွက်မည်ဟု Amazon ကုမ္ပဏီက ပြောသည်။


KNT






အခြားဆက်စပ်သတင်းများ