နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးက ၉၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စွမ်းရှိ

မော်စကို    ဖေဖော်ဝါရီ     ၃


The Lancet ဆေးပညာစာစောင်တွင် ဖော်ပြထားသည့် နောက်ဆုံးအဆင့် စမ်းသပ်ထိုးနှံမှုရလဒ်များအရ ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ကိုဗစ်ရောဂါကို ၉၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု သိရသည်။ Sputnik V ကာကွယ်ဆေးမှာ ဘေးကင်းလုံခြုံပြီး ဆေးရုံတက်ရခြင်း၊ အသက်ဆုံးရှုံးခြင်းတို့မှလည်း ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု ဆိုသည်။


နောက်ဆုံးစမ်းသပ်ထိုးနှံမှုရလဒ်များ ထွက်မလာမီ Sputnik V ကာကွယ်ဆေး ဖြန့်ချိခဲ့ခြင်းကြောင့် အစောပိုင်းတွင် အငြင်းပွားစရာများ ကြုံတွေ့ခဲ့သည်။ သို့သော် ယခုအခါတွင် Sputnik V ကာကွယ်ဆေး၏ အာနိသင်ထက်မြက်မှုကို မြင်တွေ့ရပြီဟု ဆိုသည်။ Sputnik V ကာကွယ်ဆေးမှာ ဗြိတိန်နိုင်ငံထုတ် Oxford/AstraZeneca ကာကွယ်ဆေး၊ ဘယ်လ်ဂျီယံနိုင်ငံထုတ် ဂျန်ဆင်ကာကွယ်ဆေးတို့နှင့် အလားသဏ္ဍာန်တူညီပြီး ကိုရိုနာဗိုင်းရပ်စ်၏ အပိုင်းအစတစ်ခုကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းခြင်းဖြစ်သည်။


ဗိုင်းရပ်စ်၏ မျိုးဗီဇကုတ်ကို ထိုးသွင်းသော်လည်း ဖျားနာခြင်း ခံစားရမည်မဟုတ်ဘဲ ကိုယ်ခံအားစနစ်က ရောဂါပိုးကို တိုက်ဖျက်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးခြင်းဖြစ်သည်။ ကာကွယ်ဆေး ထိုးနှံပြီးပါက ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည့် ပဋိပစ္စည်းများ စတင်ထုတ်လုပ်ပေးမည်ဖြစ်သည်။  Sputnik V ကာကွယ်ဆေးကို အပူချိန် အနုတ် ၂ ဒီဂရီဆဲလ်စီးယက်မှ ၈ ဒီဂရီဆဲလ်စီးယက်ကြား သိုလှောင်နိုင်ခြင်းကြောင့် သယ်ယူပို့ဆောင်ရန် ပိုမိုလွယ်ကူသည်။                  


 KNT






အခြားဆက်စပ်သတင်းများ