နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးကျန်းမာတစ်ဘဝစာ၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပါ

ရန်ကုန်   ဖေဖော်ဝါရီ  ၂

သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါဖြစ်သည်။ ယင်းတို့၏ ကျန်းမာရေးကိုခြိမ်းခြောက် လျက်ရှိသည့် သွေးတိုးရောဂါ၊ လေဖြတ်ရောဂါနှင့် နှလုံးရောဂါတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပေသည်။ ကမ္ဘာပေါ်တွင် နှလုံးရောဂါနှင့် လေဖြတ်မှုရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့နှလုံးရောဂါအဖွဲ့ချုပ် အပါအဝင် အဖွဲ့အစည်း ၂၀၀ ကျော်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည်ဟု ကျန်းမာရေးသတင်းများ အရ သိရှိရပေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြောရောဂါကြောင့် အရွယ် မတိုင်မီ သေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ကြိုးပမ်းနေမှုကို ကမ္ဘာ့နှလုံးအဖွဲ့ချုပ်က ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဆိုပေသည်။ နှလုံးရောဂါနှင့် လေဖြတ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ သွေးချို အစရှိသော နှလုံးနှင့်ဆက်စပ်သောရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁၇ ဒသမ ၃ သန်းကျော် အသက်ဆုံးရှုံး ကြရသည်။ လူတိုင်း နှလုံးရောဂါမဖြစ်ပွားရလေအောင် သတိပြုနေထိုင်စားသောက်လိုက်နာရန် လိုအပ်ပေ သည်။

လူတို့ နေထိုင်စားသောက်မှုပုံစံပြောင်းလဲလာခြင်း၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်ချိန်လျော့ပါးလာခြင်း၊ အဆီအဆိမ့်ပါသော အစားအစာများ စားသောက်မှုပုံစံပြောင်းလဲလာခြင်း၊ အရက်၊ ဆေးလိပ် အလွန်အကျွံ သုံးစွဲလာခြင်းသည် ရောဂါတိုးပွားအောင် ပံ့ပိုးမှုများဖြစ်သဖြင့် သတိပြုနေထိုင်စားသောက်ကြရမည် ဖြစ်သည်။

ဤရောဂါဆိုးမှကာကွယ်ရန် သွေးပေါင်ချိန်မှန်မှန်တိုင်းခြင်း၊ သွေးတွင်းသကြားဓာတ်ပမာဏတိုင်းခြင်း၊ အစားအသောက်ဆင်ခြင်ခြင်း၊ ဆေးလိပ်ရှောင်ကြဉ်ခြင်း၊ သွက်လက်စွာသွားလာလှုပ်ရှားခြင်း၊ ကျွမ်းကျင်သူများ ထံမှ အကြံဉာဏ်ကောင်းများရယူခြင်းတို့ဖြင့် ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက် သည် ဆိုစကားအတိုင်း ရောဂါဆိုးမှကင်းဝေးနိုင်မည်ဖြစ်ပေသည်။ နှလုံးရောဂါအန္တရာယ်ကို လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်စုချင်းမှ ကာကွယ်ကြိုးပမ်းဆောင်ရွက်မှ ကျန်းမာသောလူ့အသိုင်းအဝိုင်းတစ်ခုကို ဖန်တီး နိုင်မည်ဖြစ်ပေကြောင်း . . . ။       ။






အခြားဆက်စပ်သတင်းများ