နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံသားတစ်ယောက် ခြောက်ကြိမ်မြောက် ထီပေါက်ခဲ့

ဖေဖော်ဝါရီ ၂၊ ဝါရှင်တန်

အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်မှ အမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ကြာသပတေးနေ့က ယင်း၏ဘဝတွင် ခြောက်ကြိမ်မြောက် ထီပေါက်ခဲ့သည်။ မာရီဒီယန်မြို့တွင် နေထိုင်သည့် ဘရိုင်ယန်မော့စ်မှာ Crossword ခဲခြစ်ထီလက်မှတ်မှ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း အိုင်ဒါဟိုပြည်နယ် ထီအရောင်းဌာနမှ ထုတ်ပြန်ခဲ့သည်။  

အမေရိကန်ဒေါ်လာ ၂ သိန်းခွဲဆု ဆွတ်ခူးခြင်းမှာ ဘရိုင်ယန်မော့စ်၏ဘဝတွင် ၆ ကြိမ်မြောက် ထီပေါက်ခြင်းဖြစ်သော်လည်း ပထမဆုံးအကြိမ် ဆုကြီး ဆွတ်ခူးခြင်းဖြစ်သည်။ ရရှိလာသည့် အကျိုးအမြတ် များကို ပြည်နယ်အတွင်းရှိ ကျောင်းများအတွက် ပေးအပ်ခြင်းကြောင့် အိုင်ဒါဟိုပြည်နယ် ထီကို ပုံမှန် ထိုးလေ့ရှိသည်ဟု Newko Sport and Nutrition စတိုးဆိုင်ပိုင်ရှင် ဘရိုင်ယန်မော့စ်က ပြောသည်။
အိုင်ဒါဟိုပြည်နယ်ထီ ရောင်းချခဲ့သည့်သမိုင်းတစ်လျှောက်တွင် အစိုးရကျောင်းများနှင့် ရာသက်ပန် အဆောက်အအုံ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၉၆၁ ဒသမ ၅ သန်း ပံ့ပိုးပေးနိုင်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ