နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေး ပထမအသုတ် ရောက်လာပြီးနောက် တောင်အာဖရိကတွင် ဖြေလျှော့မှုများ ပြုလုပ်

ဖေဖော်ဝါရီ ၂၊ ဂျိုဟန်နက်စ်ဘတ်

အရက်သေစာ ရောင်းချမှု ပိတ်ပင်ခြင်းအပါအဝင် COVID-19 ရောဂါကြောင့် ချမှတ်ထားသည့် ကန့်သတ်ချက်အချို့ကို တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ဖြေလျှော့ပေးခဲ့သည်။ ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်ပြီး ဘာသာရေးစုဝေးပွဲများကို အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။

COVID-19 ကာကွယ်ဆေး ပထမအသုတ်အဖြစ် AstraZeneca ကာကွယ်ဆေး အဖုံရေ တစ်သန်း ရောက်ရှိလာခြင်းမှာ အခြေအနေကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးဖြစ်သည်ဟု ရာမာဖိုဆာက ကြုံးဝါးခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်အာဖရိကမှာ အာဖရိကတိုက်တွင် COVID-19 ကူးစက်ခံရမှုအများဆုံး၊ သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁ ဒသမ ၄ သန်းကျော်ရှိပြီး ၄၄၁၆၄ ဦး သေဆုံးခဲ့သည်။ တောင်အာဖရိကနိုင်ငံတွင် အစပြုပြီး ကာကွယ်ဆေးကို ပိုမိုခုခံနိုင်စွမ်းရှိသည်ဟု သံသယရှိနေသည့် ကူးစက်မြန် 501Y.V2 မျိုးဗီဇသစ် ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံအများအပြားက တောင်အာဖရိကနိုင်ငံမှ လူများကို ယင်းတို့နိုင်ငံသို့ လာရောက်ခွင့်ပိတ်ပင်ထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ