နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ကာလတွင်း ဧရာဝတီမြစ်အတွင်း ရှော့တိုက်ငါးဖမ်းမှုများ ပိုများလာ

မန္တလေး    မေ    ၁၃

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် COVID-19 ရောဂါ ထိန်းချုပ်ရေးကာလတွင် ဧရာဝတီမြစ် အတွင်း တရားမဝင်ရှော့တိုက်ငါးဖမ်းမှုများ ပိုမိုများပြားလာကြောင်း သိရသည် ။
COVID-19 ရောဂါ ထိန်းချုပ်ရေးကာလမတိုင်ခင်က ဧရာဝတီမြစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ သားငှက်ထိန်းသိမ်းရေး(WCS)တို့ဖြင့် ပူးပေါင်း၍ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တရားမဝင်ရှော့တိုက်ငါးဖမ်းလှေများ ဖမ်းဆီးအရေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး COVID-19 ရောဂါ ထိန်းချုပ်ရေးကာလတွင်ရပ်ဆိုင်းထားကြောင်း သိရသည်။

ထိုသို့ တရားမဝင် ရှော့တိုက်ငါးဖမ်းမှုများကြောင့် ဧရာဝတီလင်းပိုင်များ သေဆုံးနိုင်ပြီး ငါးမျိုးစိပ်များ လည်း ပျောက်ကွယ်နိုင်ကြောင်း သိရသည်။ အမှတ်(၁)ရေကြောင်းရဲကွပ်ကဲမှုတပ်ဖွဲ့ခွဲအနေဖြင့် ဧရာဝတီမြစ်အတွင်း ခိုးဆိုးလုနှိုက်မှုခင်းများမဖြစ်စေရေးနှင့် အများပြည်သူအထိပ်တလန့်ဖြစ်ရပ်များ မဖြစ်စေရေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှုများပြုလုပ်နေကြောင်း သိရသည် ။

လင်းပိုင်ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် မင်းကွန်းနှင့်ဗန်းမော်အကြား ရှော့တိုက်ငါးဖမ်းလှေများကို ဖော်ထုတ်အရေးယူခဲ့မှုများတွင် ၂၀၁၇ ခုနစ်တွင် ၁၀ စီး၊ ၂၀၁၈ ခုနှစ်တွင် အစီး ၂၀၊ ၂၀၁၉ ခုနှစ်တွင် ၃၁ စီးနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ မေ ၁၂ ရက်ထိ ၁၈ စီး၊ ၃ နှစ်ကျော်ကာလတွင် စုစုပေါင်း ၆၁ စီးဖမ်းဆီးအရေးယူခဲ့ရာ နှစ်အလိုက်အရေးယူမှု ပိုမိုများပြားလာကြောင်း သိရသည်။   
                                        
  မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ