နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက်အမှတ်(၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကြေညာချက်အမှတ်(၁/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

၁။    ၂၀၂၀    ပြည့်နှစ်၊    နိုဝင်ဘာလ  (၈)  ရက်နေ့တွင်    ပြုလုပ်ခဲ့သည့်   ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်   အထူးအစည်းအဝေးအားခေါ်ယူ၍   ဖြေရှင်းပေးရန်    တောင်းဆိုခဲ့သော်လည်းဆောင် ရွက်ရန်  ဆက်လက်ပျက်ကွက်ခဲ့သည်။  နိုင်ငံတော်သမ္မတအား  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖြေရှင်းပေးရန် နှစ်ကြိမ်တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ပါသည်။

၂။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။

၃။    လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့်  COVID-19  ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

၄။    COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများ ဖြင့် အမြန်ဆုံးကုစားသွားမည်။

၅။    တစ်နိုင်ငံလုံးထာဝရ    ငြိမ်းချမ်းရေးရရှိရေးအတွက်    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု   ရပ်စဲရေးသဘောတူ စာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။

၆။    အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ပြီးစီးပါက  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ  လွတ်လပ်ပြီး  တရားမျှတသော   ပါတီစုံဒီကရေစီ   အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး






အခြားဆက်စပ်သတင်းများ