နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြားဘာသာစကားအခြေခံသင်တန်း အွန်းလိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချမည်

ရန်ကုန်   ဇန်နဝါရီ  ၃၁


လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က အွန်လိုင်းစနစ်ဖြင့် နိုင်ငံခြား ဘာသာစကားအခြေခံ  Leve-1 သင်တန်းများဖြစ်သည့် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုးရီးယား၊ ရုရား၊ စပိန်၊ ထိုင်းနှင့်မြန်မာဘာသာ (နိုင်ငံခြားသားများအတွက်) ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းဝင်ခွင့်မှတ်ပုံတင်ခြင်းနှင့် သင်တန်းကြေးပေးသွင်းခြင်းများကို  W W W  yufl.edu.mm မှ တစ်ဆင့်အွန်းလိုင်းစနစ်ဖြင့် လက်ခံဆောင်ရွက်မည်ဖြစ်သည်။ ဝင်ခွင့််လျှောက်လွှာတင်သွင်းရာတွင် မိမိသင်ယူ လိုသည့် ဘာသာစကားကို တိကျသေချာစွာ ရွေးချယ်ရမည်ဖြစ်သည်။ သင်တန်းကြေး ကျပ်ခြောက်သောင်း သတ်မှတ်ထားပြီး မြန်မာဘာသာသင်ကြားမည့် နိုင်ငံခြားသားများသည် အမေရိကန်ဒေါ်လာ ၂၀၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေ (ပေါက်ဈေးအတိုင်း) ပေးသွင်းရမည်။ သင်တန်းကြေးများကို  KBZ Pay, AYA Pay  တို့ဖြင့် ပေးသွင်းရမည်။ သင်တန်းကြေးပေးသွင်းပြီးကြောင်း အီမေးလ်လက်ခံရရှိမှသာ သင်တန်းတက်ရောက် နိုင်မည်ဖြစ်သည်။

 သင်တန်းဝင်ခွင့်လျှောက်လွှာ ဖြည့်သွင်းရာတွင် အခြေခံပညာအထက်တန်းသင်ယူပြီးမြောက်ကြောင်း လက်မှတ်သို့မဟုတ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မူရင်း သို့မဟုတ် အမှတ်စာရင်းမူရင်း သို့မဟုတ် ဘွဲ့လက်မှတ်မူရင်းနှင့်ဓာတ်ပုံတို့ကို တစ်ပါးတည်းပူးတွဲတင်ပြရမည်။ သင်တန်းအတွက် အွန်းလိုင်းဖြင့် လျှောက်ထားရာတွင် ဖေဖော်ဝါရီ ၁ ရက်တွင် အင်္ဂလိပ်ဘာသာစကားသင်တန်း၊ ဖေဖော်ဝါရီ ၂ ရက်တွင် တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုးရီးယား ၊ ရုရား၊ စပိန်၊ ထိုင်းနှင့်မြန်မာဘာသာစကားတို့ကို နံနက် ၉ နာရီခွဲမှစတင်၍ နိုင်ငံခြားဘာသာတက္ကသိုလ်၏ ဝက်ဆိုဒ်တွင် စတင်လျှောက်ထားရမည်။ သင်တန်းသား ဦးရေပြည့်ပါက မှတ်ပုံတင်ခွင့်အလိုအလျောက် ရပ်ဆိုင်းသွားမည်ဖြစ်သည်။ 

သင်တန်းဝင်ခွင့်ရရှိမည့် စာရင်းကိုနိုင်ငံခြားဘာသာတက္ကသိုလ်ဝက်ဆိုဒ်တွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီတွင် ကြေညာသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ ၁၀ ပတ်ကြာမြင့်မည်ဖြစ်သည်။ သင်တန်း လျှောက်ထားလိုသူများသည် YUFL Facebook Page  နှင့် အီးမေးလ်  ssc@yufl. edu.mm    ဖုန်း  (၀၁-၅၀၅၂၃၆) (၀၉-၂၅၄၀၃၂၇၄၄) တို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


‌အောင်သူရ






အခြားဆက်စပ်သတင်းများ