နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေသင်ရိုးညွှန်းတမ်းများ စတင်ရေးဆွဲ

ရန်ကုန်    ဇန်နဝါရီ  ၃၁


မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေသင်ရိုးညွှန်းတမ်းများ ရေးဆွဲရေး လုပ်ငန်းစတင်ခြင်းကို ဇန်နဝါရီ ၃၀ ရက်၊ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတက်ရောက်ခဲ့သည်။

''ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေဟာမြန်မာနိုင်ငံတက္ကသိုလ်တွေရဲ့ ဥပဒေပညာဘွဲ့နဲ့ ဥပဒေ ပညာမဟာဘွဲ့ သင်တန်းတွေမှာပင်မဘာသာရပ်တစ်ခုဖြစ်တယ်''ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမြှင့်တင်ရေး၊ လူသားအရင်းအမြစ်နှင့် ကျွမ်းကျင်မှုတိုးတက် မြင့်မားရေးတို့ကို ဦးတည်သည့် သင်ရိုးညွှန်းတမ်းများကို လက်တွေ့အကျိုးရှိထိရောက်စေရန် ပြင်ဆင်ရေးဆွဲ သင်ကြားသင်ယူကြရမည်ဟုလည်း ယင်းကပြောသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေသင်ရိုးညွှန်းတမ်းများရေးဆွဲနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) တို့မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်သည်။

ယခုကဲ့သို့ ကမ္ဘာ့လူသားကောင်းများဖြစ်ထွန်းလာစေရေးကိုဦးတည်သည့် သင်ရိုးညွှန်းတမ်းများကိုရေးဆွဲ ရာတွင် မိမိတို့စွမ်းဆောင်ရည်များအားအကောင်းဆုံးအသုံးချ၍ ညှိနှိုင်းတိုင်ပင်ရေးသားပြုစုပေးကြရန်လည်း ဒေါက်တာမျိုးသိမ်းကြီးက တိုက်တွန်းပြောကြားလိုက်သည်။


(KST)






အခြားဆက်စပ်သတင်းများ