နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာပေါင်းမြို ကမ်းနားလမ်းရှိ မြို့မလမ်းထိပ်မှရတနာလမ်းအထိ ကန့်သတ်နယ်မြေ အဖြစ် ထပ်တိုးသက်မှတ်

သာပေါင်း ဇန်နဝါရီ ၃၁


သာပေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မှ Covid-19 postive တွေ့ရှိသူများနှင့်ထိစပ်မိခဲ့သူ(၁၇)ဦးတို့အား  RDT Test ဖြင့်စစ်ဆေးမှုများပြုလုပ်လာခဲ့ရာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အမျိုးသမီး(၂)ဦးCovid-19 postive ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီးသာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ခေါ်ယူကုပေးလျက်ရှိသည်။

Covid-19 postive ထပ်မံတွေ့ရှိသူများ နေထိုင်ရာ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်း အိမ်အမှတ်(၄၀)၊ (၄၁)နေအိမ်နေရာများနှင့်လမ်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ကန္နားလမ်းမပေါ်ရှိ မြိုမလမ်းထိပ်မှရတနာလမ်းထိပ်အထိ ကန့်သတ်နယ်မြေ အဖြစ်ထပ်တိုး တိုးမြှင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ