နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 5000 mAhပါဝင်သည့် OPPO A55 စမတ်ဖုန်းကိုကြေညာ

ဇန်နဝါရီ   ၂၇


OPPO က စမတ်ဖုန်းသစ်တစ်လုံးဖြစ်သည့် OPPO A55 ကိုကြေညာလာပြီး OPPO A55 ကိုDimensity 700 နှင့် ပါဝါထောက်ပံ့ထားပြီးများပြားသည့်ဘက်ထရီပါဝင်သည်။ Dimensity 700 မှာ 2.2GHz Cortex-A76 Cores နှင့် 2GHz 6xCortex-A55 ပါဝင်သည်။ RAM 6GB နှင့် Storge 128GB ပါဝင်ပြီး microSD ကနေ ထပ်တိုးနိုင်မည်ဖြစ်သည်။ အဆိုပါဖုန်းမှာမျက်နှာပြင် ၆ ဒသမ ၅လက်မ LCD HD+ ရုပ်ထွက်နှင့် 60Hz Refresh Rate ပါဝင်ပြီးWaterdrop Notch မှာရှေ့ကင်မရာ 8MP f/2.0 ထည့်သွင်းထားသည်။

ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး 13MP f/2.2 + 2MP f/2.4 Macro + 2MP f/2.4 Depth တို့ဖြစ်သည်။ ဗီဒီယိုရိုက်ကူးမှုကို 1080p@30fps ဖြင့်ပြုလုပ်နိုင်ပြီး အနှေးဗီဒီယိုရိုက်ကူးမှုကို 720p ဖြင့်ပြုလုပ်နိုင်မည် ဖြစ်သည်။ နားကြပ်ပေါက်ပါဝင်ပြီး လက်ဗွေရာစနစ်ကိုဘောင်မှ ပါဝါခလုတ်မှာထည့်သွင်းထားသည်။

OPPO A55 မှာ ဘက်ထရီ 5000 mAh ပါဝင်သော်လည်း 10W ဖြင့်သာ အားသွင်းနိုင်မည်ဖြစ်ပြီး USB Type C သုံးထားသည်။ အဆိုပါဖုန်းကို ဈေးနှုန်းအနေဖြင့် ၂၅၉ ဒေါ်လာသတ်မှတ်ထားကြောင်းသိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ