နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CB BANK နှင့် ချိတ်ဆက်ထားသော မည်သည့်ဘဏ်အကောင့်ကိုမဆို CB Pay အသုံးပြုပြီး ငွေလွှဲပြောင်းပေးပို့နိုင်ပြီ

ဇန်နဝါရီ   ၂၇

CB BANK နှင့် ချိတ်ဆက်ထားသော မည်သည့်ပြည်တွင်းဘဏ်အကောင့်ကိုမဆို CB Pay ဖြင့် ငွေလွှဲ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ အချိန်ကုန်သက်သာစွာဖြင့် ငွေလွှဲပေးပို့ချင်သူများအတွက် ငွေလွှဲဆောင်ရွက်နည်း အဆင့်ဆင့်ပြုလုပ်နိုင်ရန်အတွက်  Login ဝင်ရန်ကိုနှိပ်ပြီး မိမိသတ်မှတ်ထားသော Pin Code သို့မဟုတ် Finger Print ဖြင့် Login ဝင်ရမည်။ ထိုသို့ဝင်ရောက်ပြီးပါက ဘေလ်ပေးရန်ကိုနှိပ်ပြီး  ဘေလ်အမျိုးအစားတွင် Transfer to Other Bank ကိုရွေးချယ်ပြီး ဘေလ်ပေးမည်ကိုနှိပ်ပေးရမည်။

CB Pay ဖြင့် ချိတ်ဆက်ထားသည့် မိမိငွေလွှဲလိုသော ဘဏ်ကိုရွေးချယ်ပေးရမည်ဖြစ်ပြီး  ငွေလွှဲလက်ခံ မည့်သူ အကောင့်ပြုလုပ်ခဲ့သော Branch နှင့် ငွေလွှဲမည့်ပမာဏကို ထည့်ပေးရမည်ဖြစ်သည်။ ငွေလွှဲလက်ခံ မည့်သူ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အကောင့်နံပါတ်တို့ကိုရိုက်ထည့်ပြီး မိမိဖြည့်စွက်ထားသည့် အချက်အလက်များ မှန်/ မမှန်စစ်ပေးပြီးနောက် မှန်ကန်ပါက အတည်ပြုမည်ကိုနှိပ်ပေးပြီး  ဘေလ်ပေးဆောင် ခြင်း အောင်မြင်ပြီးသည့်ပြေစာကို မိမိဖုန်း Gallery ထဲတွင် အလိုအလျောက် သိမ်းဆည်းပေးသွားမည်ဖြစ်သည်။ ဖုန်းထဲတွင် CB Pay Application ရှိရုံဖြင့် ငွေကြေးကိစ္စများကို အချိန်တိုအတွင်း စီမံဆောင်ရွက်နိုင်ပြီဖြစ်သည်။ CB Pay Application အသုံးပြုရာတွင် အဆင်မပြေမှုရှိပါက CB Bank ၏ Blue Mark ပါသည့် Official Facebook Page ၏Messenger မှတစ်ဆင့် မေးမြန်းနိုင်သကဲ့သို့ CB Bank Contact Centre ဖုန်းနံပါတ် (+951) 231 7770 သို့ (24/7) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
                                                          (WP)






အခြားဆက်စပ်သတင်းများ