နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုးလ်မြို့ရှိ ညဉ့်အချိန်စည်ကားသည့် ခရိုင်နှင့် ဆက်နွှယ်သည့် COVID-19 ကူးစက်ခံရသူ ၉၄ ဦးအထိ ရှိလာ

မေ ၁၂၊ ဆိုးလ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ညဉ့်အချိန် စည်ကားသည့်ခရိုင်မှ စတင်ကူးစက်ခံရသည့် COVID-19 လူနာမှတစ်ဆင့် ကူးစက်ခံရသူ ၉၄ ဦးအထိ ရှိလာကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ တောင်ကိုရီးယားအစိုးရက တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကို စတင်ဖြေလျှော့ပေးခဲ့ပြီးနောက် COVID-19 လူနာသစ်များ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

 ပုံမှန်လူနေမှုပုံစံ ပြန်ဖြစ်သွားပါက ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန် ခက်ခဲကြောင်း ယခုဖြစ်ရပ်က ဖော်ပြနေသည်။ ယခုအခါတွင် တောင်ကိုရီးယားအာဏာပိုင်များက ယခုရက်သတ္တပတ်အတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားသည်။ ရောဂါစစ်ဆေးမှု၊ အတည်ပြုလူနာနှင့် ထိတွေ့မှုများကို အကျယ်တဝင့် လုပ်ဆောင်ခဲ့သည့်  တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံတစ်ဝန်းပိတ်ဆို့မှုမလုပ်ဘဲ တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက်ကို ကိန်းဂဏန်းတစ်လုံးအထိ လျှော့ချနိုင်ခဲ့သည်။

သို့သော် ကလပ်အချို့တွင် လိင်တူစိတ်ဝင်စားသူ အသိုက်အဝန်းမှ လူများ လာရောက်နေခြင်းကြောင့် COVID-19 လူနာသစ်များ၏ ထိတွေ့မှုများကို ခြေရာခံ ရှာဖွေရန် ပိုမိုခက်ခဲလျက်ရှိသည်။ တောင်ကိုရီးယား နိုင်ငံတွင် လိင်တူချစ်သူများကို မုန်းတီးမှုများ ရှိနေဆဲဖြစ်၍ ကလပ်သို့ လာရောက်သူအချို့မှာ နာမည်နှင့် ဖုန်းနံပါတ် အမှန် ပေးခဲ့ဖွယ်မရှိပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ