နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လို့စ်ဇီတက်စ်ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထောင်ထဲတွင် သေဆုံး

မေ ၁၂၊ မက္ကဆီကိုစီးတီး

နာမည်ဆိုးဖြင့် ကျော်ကြားသည့် မက္ကဆီကို ဒုစရိုက်ဂိုဏ်းခေါင်းဆောင် အက်စ်ကာမီလာမေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည်။ အသက် ၄၅ နှစ်ရှိသည့် အက်စ်ကာမီလာမေသည် ကြောက်မက်ဖွယ်ကောင်းသည့် လို့စ်ဇီတက်စ် ဒုစရိုက်ဂိုဏ်း၏ အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ အက်စ်ကာမီလာမေသည် ယူကာတန်ပြည်နယ်တွင် လူ ၁၂ ဦးကို သတ်ပြီး ခုတ်ထစ်ပိုင်းဖြတ်မှု အပါအဝင် ကြိုတင်ကြံစည်ထားသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ်ခံနေရသူဖြစ်သည်။

ဂေါ်ဒိုမေ(ဖက်တီးမေ)ဟု လူသိများသည့် အက်စ်ကာမီလာမေသည် Old School Zetas ဟု အမည်ပေးထားသည့် လို့စ်ဇီတက်စ်ဂိုဏ်း၏အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ယင်းမှာ အမေရိကတိုက်အလယ်ပိုင်းမှ နာမည်ကျော် ကန်ကွန်အပန်းဖြေကမ်းခြေသို့ ကိုကင်းအဓိက တင်ပို့ နေသူဖြစ်သည်။ ထို့အပြင် ဒေသခံရဲအရာရှိဝင်များပါဝင်သည့် သတင်းပေးကွန်ရက်ကို တည်ထောင်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ယင်း၏အဖွဲ့ဝင်ရှစ်ဦးနှင့်အတူ အက်စ်ကာမီလာမေကို ဖမ်းဆီးရမိခဲ့သည်။

ဂျာလစ္စကိုပြည်နယ်၏ လုံခြုံရေးအမြင့်ဆုံးဖြစ်သည့် ပူအန်တီဂရန်ဒီအကျဉ်းထောင်တွင် ဖမ်းဆီး ခံထားရသည့် အက်စ်ကာမီလာမေသည် မေလ ၆ ရက်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရပြီး ၂ ရက်အကြာတွင် ကွယ်လွန်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်တနင်္ဂနွေနေ့မှသာ မက္ကဆီကိုနိုင်ငံ အရာရှိများက အက်စ်ကာမီလာမေ သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မက္ကဆီကိုနိုင်ငံတွင် COVID-19 ကြောင့် လူ ၃၅၀၀၀ ကျော် ကူးစက်ခံထားရပြီး လူ ၃၄၅၀ ကျော် သေဆုံးခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ