နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်မွေးမြူရေးလုပ်ကိုင်သူများ စျေးကွက်နှင့် စျေးနှုန်းကျဆင်းနေမှုကြောင့် ကြက်မွေးမြူရန် အခက်အခဲများရှိလာ

ဖောင်းပြင် မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ကြက်သားနှင့် ကြက်ဥစျေးနှုန်းများမှာ ကျဆင်းနေပြီး ကြက်စာစျေးနှုန်းမြင့်တက်လာမှုကြောင့် ကြက်များဆက်လက်မွေးမြူရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဥစားကြက်နှင့် အသားစားကြက်များ မွေးမြူရေးလုပ်ကိုင်သူ ဦးစိုးမင်းထွန်းထံမှ သိရသည်။
“ကြက်သားနဲ့ကြက်ဥကို မြို့နယ်တွင်းအပြင် နန့်တောကိုတင်ပို့ရောင်းချရပါတယ်။  အရင်ကကြက်မွေးတာ အဆင်ပြေပါတယ်။ ခုတော့အဆင်မပြေဘူး။ ယခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါက ဖြစ်ပွားနေကြတော့ ရောင်းအားလည်းကျ စျေးကလည်းကျတယ်။ ဒီထဲမှာ ကြက်စာစျေးကပါတက်လာတော့ အခက်အခဲတော်တော် ဖြစ်လာတယ်ဗျ။ အစာစျေးကလည်း တစ်ထောင်ကျော်လောက်တက်လာတော့ ဆက်မွေးဖို့တောင်အဆင် မပြေနိုင်တော့ဘူး။ မုံရွာကနေ နန့်တောကိုတက်ရောင်းတဲ့သူတွေက ကြက်တစ်ပိဿာကို သုံးထောင်ငါးရာနဲ့စျေးချရောင်းကြတော့ ကျွန်တော်တို့က ပိုခက်ခဲနေပါတယ်။ လုပ်အားခပေးပြီးရင် အရင်းပဲကျန်နေတော့ အခက်အခဲဖြစ်နေတာ။ ဒါပေမယ့် စျေးအခြေအနေကိုစောင့်ရင်း ဆက်လို့မွေးနေရမှာပဲ”ဟု ယင်းကဆက်လက်ပြောသည်။

ဖောင်းပြင်မြို့နယ်မှ ကြက်မွေးမြူသူများအနေဖြင့် နန့်တောဘက်ကိုအဓိကထားတင်ပို့ရောင်းချနေကြပြီး မုံရွာမြို့နယ်ဘက် မွေးမြူရေးကုမ္ပဏီများက စျေးချပြီးလာရောက်ရောင်းချနေကြသဖြင့် အစာစျေးနှုန်း မြင့်မားစွာဝယ်ယူနေရပြီး ကြက်ဥနှင့်ကြက်သားစျေးနှုန်းက ကျဆင်းနေသည့်အတွက် ဒေသတွင်း ကြက်မွေးမြူရေး လုပ်ကိုင်နေသူများအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)






အခြားဆက်စပ်သတင်းများ