နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာ(ခ) ရပ်ကွက်အမှိုက်ထုပ်ကောက် အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်      ဇန်နဝါရီ     ၂၆

မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန အရှေ့ပိုင်းခရိုင်မှူး၏ စီမံမှုဖြင့် မြောက်ဥက္ကလာပ မြို့နယ် သန့်ရှင်းရေးတာဝန်ခံ ဦးကျော်မင်းထွန်းနှင့်ဝန်ထမ်းများသည် ဇန်နဝါရီ ၂၆ ရက်က (ခ)ရပ်ကွက်၌ အထုတ်ကောက်အမှိုက်သိမ်းဆည်း ဝန်ဆောင်မှုပေးနိုင်ရေးအတွက် Door To Door အစီအစဉ်ဖြင့် လက်ကမ်းစာစောင်များ တစ်အိမ်တက်ဆင်းလိုက်လံအသိပေးဖြန့်ဝေခဲ့ကြသည်။

Covidကာလ၌၊ လူစုလူဝေးမလုပ်ရန်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားမှုကြောင့် ယခုလိုအမှိုက်ထုပ်ကောက် ဆောင်ရွက်မည့်အစီအစဉ်များကို မိဘပြည်သူများသိရှိ စေရန် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းဖြစ်ပါသည်။

အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့များတွင် နံနက် ၈ နာရီမှ ၁၁နာရီထိ မီးဖိုချောင်ထွက်အမှိုက်များကို အမှိုက်အစို၊ အမှိုက်အခြောက်ခွဲခြား၌ သတ်မှတ်ထားသည့်အိပ်များဖြင့် ထည့်ကာ လုံခြုံစွာကြိုးဖြင့်ချည်နှောင်၍ မိမိတို့၏ အိမ်ရှေ့တွင်ချထားပြီး တာဝန်ရှိသူတို့က လာရောက်၍ အထုပ်ကောက်သိမ်းဆည်းပေးသွားမှာ ဖြစ်သည့်အတွက် အမှိုက်ပုံးအမှိုက်ကန်သို့ သွားရောက်စွန့်ပစ်ရန်မလိုတော့ဘဲ မိဘပြည်သူတို့ အဆင်ပြေစေ မည်ဖြစ်ကြောင်း မြို့နယ်သန့်ရှင်းရေးတာဝန်ခံ ဦးကျော်မင်းထွန်းထံမှ သိရှိရသည်။             

မောင်မောင်






အခြားဆက်စပ်သတင်းများ