နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုစွန်တောင်အမှတ်(၁၀)ရပ်ကွက် စွန့်ပစ်အမှိုက်များရှင်းလင်း

ရန်ကုန်     ဇန်နဝါရီ     ၂၆

 မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၏ လမ်းညွှန်မှုဖြင့် ပုဇွန်တောင်မြို့နယ်သန့်ရှင်းရေး တာဝန်ခံ ဦးမျိုးသန့်နှင့်ဒုတိယတာဝန်ခံ ဦးဟိန်းလတ်စိုးတို့ ဦးဆောင်သည့်သန့်ရှင်းရေးအစုအဖွဲ့များသည် ဇန်နဝါရီ ၂၆ ရက်၊ နံနက်က အမှတ် (၁၀) ရပ်ကွက် ၄၉ လမ်း ၊ လမ်း ၅၀၊ ၅၁ လမ်း၊ ၅၂ လမ်းတို့တွင် လမ်းဘေးဝဲ/ယာ၌ စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များအား အမြင်တင့်တယ်စေရေးနှင့်လမ်းသွားလမ်းလာများက စည်းကမ်းမဲ့စွန့်ပစ်သည့် ဆေးလိပ်မီးကြောင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးရည်ရွယ်ချက်ဖြင့် အမှိုက်               ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရပြီး ရပ်ကွက်နေမိဘပြည်သူများအနေဖြင့်လည်း လမ်းဘေးဝဲ/ယာ၌ စည်းကမ်းမဲ့အမှိုက်မပစ်ကြဘဲ အမှိုက်ပုံးအရောက် အမှိုက်စွန့်ပစ်ဖို့လိုအပ်ကြောင်းနှိုးဆော်ခဲ့ကြစဉ်။

မောင်မောင်






အခြားဆက်စပ်သတင်းများ