နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်မှု ၂၃၃ ကြိမ် ဖြစ်ပွား သေဆုံးသူ ၉ ဦးနှင့်ကျပ်သန်း ၂၉၀၀ ကျော်ဆုံးရှုံး

ရန်ကုန်     ဇန်နဝါရီ     ၂၆

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိမီးလောင်မှု ၂၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီးလူ ၉ ဦးသေဆုံး၍ မီးလောင်မူကြောင့်ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်းကျပ် ၂၉၀၆  ဒသမ ၃၂၂၈ သန်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာတွင်ပေါ့ဆမူကြောင့် မီးလောင်မူအများဆုံးဖြစ်ပွားပြီး မီးလောင်မှု ၁၁၂ ကြိမ်ရှိသည်။ ထို့ပြင် လျှပ်စစ်မီး ၉၂ ကြိမ်၊ မီးဖိုမီး ၁၀ ကြိမ် ၊ မသမာသူရှို့မီး ၉ ကြိမ်၊ အလိုအလျောက်မီး ၈ ကြိမ်၊ တောမီး ၁ ကြိမ် ၊ စုံစမ်းဆဲမီး ၁ ကြိမ်ဖြစ်ပွါးခဲ့သည်။

 မီးလောင်မူဖြစ်ပွါးခြင်းကြောင့်လူ ၉ ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူ ၂၀ ဦးရှိသည်။ အိမ်ခြေအဆောက်အဦ ၂၄၈ လုံး၊ စက်ရုံအလုပ်ရုံ ၂ ခု၊ ဂိုဒေါင် ၁၃ လုံးတို့ မီးလောင်ဆုံးရှုံးပြီး မီးဘေးဒုက္ခသည် ၄၆၁ ဦးဖြစ်ပေါ်ခဲ့သည်။ ကြက်ဝက်အချို့လည်းသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမြင့်၏ ပြောကြားချက်အရ သိရသည် ။

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုများလျော့နည်းကျဆင်းစေရေးအတွက် မီးသတိမူရေး နှိုးဆော်အသိပညာပေးကဏ္ဍ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးရေး ကဏ္ဍတို့ကိုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                                        

 အောင်သူ






အခြားဆက်စပ်သတင်းများ